နိုင်ငံ့အကောင်းဆုံး အသင်းများ ဝင်ရောက်ယှဉ်ပြိုင်သည့် E-sports ပြိုင်ပွဲ တွင် Burmese Ghouls အဖွဲ့မှ အနိုင်ရကာ ဆုငွေကျပ် (၁၇) သန်း ဝန်းကျင်ကို ဆွတ်ခူးနိုင်ခဲ့သည်။

E-sports လောက၏ ထိပ်တန်း Mobile Multiplayer Online Battle Arena (MOBA) ဂိမ်းဖြစ်သည့် Mobile Legends: Bang Bang မှ Mobile Legends: Bang Bang Professional League Myanmar Season 5 ၏ ချန်ပီယံများကို ကြေညာလိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ နာမည်ကျော် လူကြိုက်အများဆုံး အဆိုပါ E-sport ပွဲတွင် Burmese Ghouls အသင်းက အဆင့်ဆင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၎င်း၏အားကောင်းသည့် အသင်းပြိုင်ဘက်များကို အနိုင်ယူကျော်ဖြတ်ကာ နောက်ဆုံးအဆင့်တွင် ပထမနေရာကို ရယူနိုင်ခဲ့သည်။ (၅) ကြိမ်မြောက် မြန်မာနိုင်ငံ၏ Mobile Legends: Bang Bang Professional League (MPL) ပြိုင်ပွဲကို ဩဂုတ်လ (၂၂) ရက်နေ့တွင် စတင်ခဲ့ပြီး နိုဝင်ဘာလ (၁) ရက်နေ့ထိ ပြုလုပ်ခဲ့သည်။ ကူညီပံ့ပိုးသူများအဖြစ် တယ်လီနောမြန်မာ၊ Official Smartphone Partner အဖြစ် OPPO Myanmar နှင့် Mobile Legends: Bang Bang ဂိမ်းတီထွင်ဖန်တီးသူ MOONTON တို့မှ ငွေကြေးထောက်ပံ့သည့် prize pool ဆုငွေ အမေရိကန်ဒေါ်လာ ၅၄,၉၀၀ (ကျပ် ၇၀ သန်း)အနက်မှ ချန်ပီယံအသင်းသည် ငွေသားဆု အမေရိကန်ဒေါ်လာ ၁၃,၀၀၀ (ကျပ် ၁၇ သန်း ဝန်းကျင်)၊ 1st runner-up အသင်းနှင့် 2nd runner-up အသင်းတို့သည် အမေရိကန်ဒေါ်လာ ၆,၀၀၀ (ကျပ် ၇.၇ သန်း) နှင့် အမေရိကန်ဒေါ်လာ ၃,၀၀၀ (ကျပ် ၃.၈ သန်း)တို့ အသီးသီးရရှိခဲ့ကြသည်။

Bang Bang Professional League Myanmar Season 5 ဆုရရှိသူများ၏ အသေးစိတ် အချက်အလက်များကို အောက်တွင်ဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင် E-sports အပေါ်ကောင်းမွန်သောအမြင်များရှိလာပြီး စိတ်ဝင်စားမှုများပြားလာသည့်အလျောက် E-sports လောကတွင် ဦးဆောင်နေသည့် MOBA ဂိမ်းဖြစ်သည့် Mobile Legends: Bang Bang မှ ပြိုင်ပွဲများကို (၅) ကြိမ်မြောက်အထိ အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ပြီး စိတ်အားထက်သန်သည့် မြန်မာနိုင်ငံရှိဂိမ်းဝါသနာရှင်များကို ကမ္ဘာ့အဆင့်မီ ပရော်ဖက်ရှင်နယ် ကစားသမားများ ဖြစ်လာစေရန်ကူညီပေးနေသည်။

Burmese Ghouls ၏ အဖွဲ့ခေါင်းဆောင် Ice Ice မှ “ MPL-MM S5 ရဲ့ချန်ပီယံဖြစ်ရတာ ကျွန်တော်တို့အရမ်းကို ဝမ်းသာပါတယ်။ ဒီလိုအနိုင်ရရှိအောင် အဖွဲ့ဝင်တိုင်းကြိုးစားခဲ့တာကို ကျွန်တော်တို့တကယ်ကျေးဇူးတင်ပါတယ်။ (၄) ကြိမ်မြောက်ဆက်တိုက်ချန်ပီယံအဖြစ်ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ကြိုးစားရကျိုးလည်းနပ်ပါတယ်။ ဒီလိုအနိုင်ရရှိခဲ့တာကိုလည်း ကျွန်တော်တို့ ပေါ့ပေါ့တန်တန်တွေးမှာမဟုတ်ဘဲ နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော်တို့ကို စဉ်ဆက်မပြတ်အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုအခွင့်အရေးမျိုး မြန်မာနိုင်ငံကို သယ်ဆောင်လာပေးတဲ့ Mobile Legends: Bang Bang and MPL-MM S5 ရဲ့ စပွန်ဆာတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

MOONTON ၏ ဈေးကွက်ဒါရိုက်တာ Caya Yan က “ဒီနှစ်မြန်မာနိုင်ငံမှာ MPL-MM S5 ကို အခုလို ထပ်မံကျင်းပခွင့်ရတဲ့အတွက်ပွဲစီစဉ်ပေးတဲ့သူအနေနဲ့အရမ်းကိုဝမ်းသာမိပါတယ်။ကျွန်တော်တို့အံ့သြဖွယ်ဖြစ်ရတာကတော့ ဒီ Season မှာ ကြည့်ရှုမှုနှုန်းအမြင့်ဆုံး (၁၄၄,၀၀၀) အထိကိုရောက်ရှိခဲ့ပြီး playoff များမှာလည်း အရည်အချင်းပြည့်ဝပြီး အလားအလာကောင်းတွေရှိတဲ့ ကစားသမားတွေကိုတွေ့ရှိခဲ့ရလို့ ဒီပွဲက အောင်မြင်တယ်လို့ပြောနိုင်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

“အောင်မြင်မှု ဆွတ်ခူးသွားတဲ့ အနိုင်ရအဖွဲ့အားလုံးကို ဂုဏ်ပြုပါတယ်။ ပြိုင်ပွဲကာလအတွင်း အွန်လိုင်းကနေ တိုက်ရိုက် ကြည့်ရှုသူအရေအတွက်ဟာ ယခင်က ထက်ပိုမိုများပြားလာတဲ့အတွက် ကစားသမားတွေအနေနဲ့ရော Esports ချစ်သူတွေအားလုံး Esports အပေါ် စိတ်ဝင်စားမှု အလွန်မြင့်တက်လာတာကို တွေ့ရပါတယ်။ ပြီးတော့ မြန်မာ့ Esports က သိသိသာသာနဲ့ လျင်လျင်မြန်မြန် တိုးတက်နေပြီး တယ်လီနောအနေနဲ့ ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပြီး Esports ကစားသူတွေအတွက် အကောင်းဆုံးဒေတာကွန်ရက်ရယ် အကောင်းဆုံးဂိမ်းထုတ်ကုန်များနဲ့ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ဆောင်ကြဉ်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar က ပြောကြားခဲ့သည်။

OPPO Myanmar ၏ Assistant Media နှင့် PR Manager ဖြစ်သူ မမိုးပွင့်ဖြူ မှ “ယခင် MPL-MM Season 4 တွင် Lightning Fast, Endless Fun ဆိုတဲ့ဆောင်ပုဒ်နဲ့ထွက်ရှိခဲ့တဲ့ OPPO F15 က Official Smartphone Partner အဖြစ် ပူးပေါင်းပါဝင်ခဲ့ပြီး ယခု MPL-MM Season 5 မှာလည်း “ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်” ကို ပေးစွမ်းနိုင်မယ့် OPPO F17 Pro နဲ့အတူ ပွဲစဉ်တစ်လျှောက်လုံး ပူးပေါင်းပါဝင်နိုင်ခဲ့တဲ့အတွက်ဝမ်းသာဂုဏ်ယူမိပါတယ်။ OPPO F17 Pro ရဲ့ ပေါ့ပါးကျစ်လစ်မှုနဲ့ 30W VOOC Flash Charge 4.0တို့က ဂိမ်းကစားတာကို ကြိုက်နှစ်သက်သူတို့အတွက် အချိန်ကြာကြာ ဂိမ်းကစားနိုင်အောင် လုပ်ပေးမှာဖြစ်ပြီး MTK P95 Chipset က ဂိမ်းဆော့ရင်း ဖုန်းလေးတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာဖြစ်ပါတယ်။ OPPO က သုံးစွဲသူတွေ လိုချင်တာတွေ စိတ်ဝင်စားတာတွေကို အလေးထားဖြည့်ဆည်းပေးတဲ့ Smartphone Brand ဖြစ်တာကြောင့် လူငယ်တွေစိတ်ဝင်စားကြတဲ့ Mobile Legends: Bang Bang လို E-sports ဖွံဖြိုးရေးမှာ တတ်အားသ‌‌‌ရွေ့ ဆက်လက်ပူးပေါင်း ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။ ယခင် MPL-MM Season 4 ကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို MPL-MM Season 5ကိုလည်း ‌အခုလို အောင်မြင်ခမ်းနားစွာ ကျင်းပနိုင်ခဲ့တဲ့တွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။” ဟုပြောကြားခဲ့သည်။

Games Developer and Publisher (ဂိမ်းတီထွင်ထုတ်လုပ်သူ) MOONTON မှ ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအဖြစ် စတင်ထုတ်လုပ်ခဲ့သည့် Mobile Legends: Bang Bang သည် Mobile Multiplayer Online Battle Arena (MOBA) ဂိမ်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ကစားသူ သန်းပေါင်းရာကျော် ရှိသည့် ဂိမ်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတွင် လူငယ်အမြောက်အမြား ကစားကြသည့် အဆိုပါ E-sports ပြိုင်ပွဲမှာ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပြီး ဆုတံဆိပ်ချီးမြှင့်ယှဉ်ပြိုင်စေသည့် ပြိုင်ပွဲတစ်ခုဖြစ်လာခဲ့သည်။ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံတွင် E-sports ပေါ်အမြင်၊ လူကြိုက်များနှင့် ပါဝင်မှုတိုးတက်လာခြင်းနှင့် ထူးချွန်သောစွမ်းဆောင်ရည်များဖြင့် ကစားနိုင်မှုများကိုလည်း မြန်မာနိုင်ငံတွင် တွေ့ရှိနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ယခုနှစ် အောက်တိုဘာလတွင် MLBB ၏ နောက်ထပ်အောင်မြင်မှုမှတ်တိုင်အနေနှင့် ကမ္ဘာအနှံ့အပြားတွင်ဂိမ်းဒေါင်းလော့ အကြိမ်ရေ (၁) ဘီလီယံကျော်အထိ ရှိလာခဲ့ပြီး ယင်းအောင်မြင်မှုကို ဆင်နွှဲသည့်အနေနှင့် MOONTON မှ (၁၀၀) ကြိမ် မြောက် hero ဇာတ်ကောင်အသစ်Benedetta ခေါ် the Shadow Ranger ကို တရားဝင်မိတ်ဆက်ပေးခဲ့ပြီး နိုဝင်ဘာလ (၇) ရက်နေ့နဲ့ (၈) ရက်နေ့များတွင် game ကို log in ပြုလုပ်သည့် ကစားသမားများအား အဆိုပါဟီးရိုး Benedetta ကို မဲဖောက်ပေးသွားမည် ဖြစ်ပါသည်။

အသေးစိတ်ကို ပိုမိုသိရှိလိုပါက Mobile Legends: Bang Bang Myanmar ၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/MobileLegendsGameMyanmar/ တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Source – Mobile Legends: Bang Bang