MrBeast လို့ လူသိများတဲ့ Jimmy Donaldson ဟာ YouTube မှာ Subscriber အများဆုံးရသွားပါတယ်။ သူ့ရဲ့ YouTube Channel ဟာ တေးဂီတ ကုမ္ပဏီ T-Series ကို ကျော်တက်ကာ နံပါတ် ၁ နေရာကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ T-Series ဟာ ဘောလီးဝုဒ် တေးဂီတ ကုမ္ပဏီ ဖြစ်ပါတယ်။
သူက ဒီသတင်းကို X (Twitter) မှာ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ပို့စ်မှာ ဆွီဒင် YouTuber PewDiePie အတွက် လက်စားချေပေးလိုက်တယ်လို့ ရေးသားထားပြီး သူ့ရဲ့ Subscriber အရေအတွက်ကို ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံကိုလည်း တင်ထားပါတယ်။
After 6 years we have finally avenged Pewdiepie 🥹 pic.twitter.com/V1znbyqw27
— MrBeast (@MrBeast) June 2, 2024
MrBeast ရဲ့ YouTube Channel ဟာ Subscriber ၂၆၇ သန်းရထားပြီး T-Series က ၂၆၆ သန်း ရထားပါတယ်။ သူ့ရဲ့ ပို့စ်မှာ “ ၆ နှစ်ကြာပြီးနောက် PewDiePie အတွက် လက်စားချေနိုင်ခဲ့ပါတယ်။ ဒါဟာ PewDiePie အတွက် လုပ်ပေးတာ ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်မှာ PewDiePie ကို ကူညီထောက်ပံ့သွားမယ်လို့ အတိအလင်း ကြေညာခဲ့ပါတယ်။
MrBeast ရဲ့ အောင်မြင်မှုကို အရင်ဆုံး ဂုဏ်ပြုသူတွေထဲမှာ Tesla ရဲ့ ဘောစိ Elon Musk ပါဝင်ပြီး Musk က “Wow, congrats” လို့ ရေးသားထားပါတယ်။
Ref : businesstoday