နာမည်ကြီး YouTuber Jimmy Donaldson (MrBeast) ဟာ Elon Musk ရဲ့ Starlink ဂြိုလ်တု အင်တာနက်ကို ဇမ်ဘီယာမှ ဝေးလံခေါင်ဖျားတဲ့ ရွာ ၁ ရွာမှာ ပံ့ပိုးပေးခဲ့ပါတယ်။ ဇမ်ဘီယာမှ Mapapa ရွာမှာ MrBeast က မြန်နှုန်းမြင့် အင်တာနက်ကို ကူညီပေးခဲ့တဲ့ အကြောင်း ဗီဒီယိုကို မျှဝေထားပါတယ်။
ဇမ်ဘီယာမှ ကျောင်း ဆရာမ ၁ ယောက် ဖြစ်တဲ့ Dora Moono Nyambe က သူတို့ရွာရဲ့ အင်တာနက် ခက်ခဲမှုကို TikTok မှာ တင်ပြီးနောက်မှာ လူသန်းပေါင်းများစွာရဲ့ ဂရုပြုမှုကို ရခဲ့ပါတယ်။ အဲဒီအတွက် MrBeast က အဲဒီရွာမှာ Starlink ဂြိုလ်တု အင်တာနက်ကို ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။
MrBeast ဟာ ပရဟိတ လုပ်ငန်းတွေကြောင့် နာမည်ကြီးပါတယ်။ သူဟာ Beast Philanthropy ပရဟိတ အဖွဲ့အစည်းကို တည်ထောင်ထားပြီး Lectric eBikes နဲ့ ပူးပေါင်းကာ Mapapa ရဲ့ လူနေမှုဘဝတွေကို တိုးတက်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ အဲဒီရွာဟာ အစားအစာ၊ ရေနဲ့ လျှပ်စစ်မီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ရာဇဝတ်မှု ဖြစ်ပွားမှု မြင့်မားပါတယ်။
Beast Philanthropy ဟာ အဲဒီရွာမှာ Solar နဲ့ လျှပ်စစ်မီးရအောင် ကူညီခဲ့ပြီး ညဘက်အချိန်တွေမှာ လျှပ်စစ်မီး ရတဲ့အချိန် မြင့်မားအောင် ပြုလုပ်ပေးခဲ့ပါတယ်။
Ref : benzinga