Apple ရဲ့ WWDC ပွဲပြီးနောက်မှာ Elon Musk နဲ့ OpenAI တို့ရဲ့ ဆက်ဆံရေးဟာ ပိုဆိုးလာပါတယ်။ Apple က Siri မှာ OpenAI ရဲ့ ChatGPT ကို ထည့်သွင်းဖို့ OpenAI နဲ့ ပူးပေါင်းထားတယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာ Elon Musk က X မှာ Apple ဟာ User Data တွေကို ရောင်းစားနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

Elon Musk

Musk က “ Apple ဟာ ကိုယ်ပိုင် AI ကို ဖန်တီးနိုင်လောက်အောင် တီထွင်ဆန်းသစ်မှု မရှိပါဘူး။ Apple ဟာ OpenAI နဲ့ ပူးပေါင်းရင် User Privacy ကို အာမခံနိုင်မှာလား? ဒါဟာ ရယ်စရာ ကောင်းပါတယ်။ ခင်ဗျားတို့ Data တွေ OpenAI ဆီရောက်သွားတာနဲ့ Apple ထိန်းချုပ်လို့ မရတော့ပါဘူး။ Apple ဟာ User Data တွေကို ရောင်းစားနေတာပါ။ “ လို့ ပြောပါတယ်။

Elon Musk

Musk က “ Apple ဟာ Operating System Level မှာ OpenAI ရဲ့ နည်းပညာကို ထည့်သွင်းထားရင် ကျွန်တော့် ကုမ္ပဏီ အားလုံးမှာ အသုံးပြုခွင့် ပိတ်ပင်မှာပါ။ ကုမ္ပဏီကို လာတဲ့ ဧည့်သည်တွေရဲ့ Apple Device တွေကိုလည်းဝင်ပေါက်မှ Faraday Cage မှာ ထားခဲ့ရမှာပါ။ (Faraday Cage ဟာ လျှပ်စစ် သံလိုက်လှိုင်းတွေကို ပိတ်ပင်တဲ့ သတ္တု သေတ္တာ ဖြစ်ပါတယ်။ ) လို့ ပြောပါတယ်။

Elon Musk နဲ့ OpenAI တို့ရဲ့ ပြဿနာက ပိုမိုကြီးမားလာပြီ ဖြစ်ပြီး ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။

Ref : gizmochina