နာဆာက သက်တမ်း ကုန်ဆုံးတော့မယ့် နိုင်ငံတကာ အာကာသစခန်းကို ဖျက်ဆီးဖို့ Elon Musk ရဲ့ SpaceX ကုမ္ပဏီကို ရွေးချယ်လိုက်ပါတယ်။ SpaceX ဟာ နောက်ဆယ်စုနှစ် အစောပိုင်းမှာ ပစိဖိတ် သမုဒ္ဒရာထဲကို ၄၃၀ တန်ချိန်ရှိတဲ့ အာကာသစခန်းကို တွန်းပို့နိုင်မယ့် ယာဉ်ကို တည်ဆောက်ပေးရမှာပါ။ အဲဒီ သဘောတူ စာချုပ်ဟာ ဒေါ်လာ ၈၄၃ သန်း တန်ကြေး ရှိပါတယ်။

ISS viewed from a visiting spacecraft

အာကာသစခန်းရဲ့ ပထမဆုံး အစိတ်အပိုင်းတွေကို ၁၉၉၈ ခုနှစ်မှာ အာကာသထဲ ပို့ဆောင်ခဲ့ပါတယ်။ အာကာသ စခန်းဟာ ကမ္ဘာမြေရဲ့ အထက် ၄၀၀ ကီလိုမီတာ ကနေ ကမ္ဘာကို မိနစ် ၉၀ ကြာတိုင်း ၁ ပတ်ပတ်နေပြီး သိပ္ပံ သုတေသနလုပ်ငန်း ထောင်ပေါင်းများစွာကို ပြုလုပ်ခဲ့ကြပါတယ်။

Artwork of the lunar Gateway station

အခုတော့ ၂၀၃၀ ခုနှစ်မှာ အာကာသစခန်းဟာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ကမ္ဘာမြေပေါ်ပြုတ်ကျလာရင် လူသားတွေအတွက် အန္တရာယ် ရှိပါတယ်။ အဲဒီအတွက် အာကာသစခန်းကို ပစိဖိတ် သမုဒ္ဒရာထဲ တွန်းပို့နိုင်တဲ့ ယာဉ်ကို တည်ဆောက်ဖို့ နာဆာက SpaceX ကို ငှားရမ်းလိုက်တာ ဖြစ်ပါတယ်။

နာဆာနဲ့ SpaceX တို့က အဲဒီယာဉ်ရဲ့ ဒီဇိုင်းနဲ့အသေးစိတ် သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ နာဆာက နိုင်ငံတကာ အာကာသစခန်းကို အာကာသကနေ ဖယ်ရှားပြီးနောက်မှာ ပုဂ္ဂလိက ကုမ္ပဏီတွေက အာကာသစခန်းတွေကို တည်ဆောက်လာမယ်လို့ မျှော်လင့်ထားပါတယ်။

Ref : bbc