Honor က Magic6 Pro ကို MWC 2024 မှာ ကြေညာလိုက်ပြီး 180MP Periscope ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ ပြားချပ်တဲ့ ဖရိမ်နဲ့ စက်ဝိုင်းပုံ ကင်မရာ Module ပါလာပြီး IP68 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပြီး အမြင့်က ပြုတ်ကျတာကို ၁၀ ဆပိုခံနိုင်တဲ့ NanoCrystal Shield နဲ့ မျက်နှာပြင်နဲ့ ကာကွယ်ထားပါတယ်။

Honor Magic6 Pro makes global debut with 180 MP periscope camera, Snapdragon 8 Gen 3, and more - NotebookCheck.net News

Honor Magic6 Pro မှာ 6.80” AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး ဆေးတောင့်ပုံ Cutout မှာ အရှေ့ ကင်မရာ ပါပါတယ်။ Honor က Magic Capsule လို့ Cutout ကို အမည်ပေးထားပြီး Apple ရဲ့ Dynamic Island လို စွမ်းရည်ပါပါတယ်။ FHD+ Resolution ဖြစ်ပြီး 120Hz Refresh Rate နဲ့ 1,600 Nits Brightness ထောက်ပံ့ထားပါတယ်။

HONOR Debuts a New AI-empowered All-scenario Strategy at MWC 2024

ကင်မရာ အကြောင်းပြောရရင် စွမ်းရည်မြင့် ကင်မရာ ၃ လုံးပါလာပြီး 50MP Ultrawide Angle, 50MP Ultra HD Primary (OIS) နဲ့ 180MP Periscope ကင်မရာတွေ ဖြစ်ပါတယ်။ 180MP မှာ OIS, 2.5x Optical Zoom နဲ့ 100x Digital Zoom ပါပါတယ်။ AI အခြေပြု ကင်မရာ လုပ်ဆောင်ချက်တွေ ထည့်ထားပါတယ်။

Snapdragon 8 Gen 3 Chip မောင်းနှင်ထားပြီး 12GB RAM နဲ့ 512GB Storage ထည့်သွင်းထားပါတယ်။ 80W Wired, 66W Wireless Charging ထောက်ပံ့တဲ့ 5,600mAh Battery ပါပါတယ်။ MagicOS 8.0 OS မောင်းနှင်ထားပါတယ်။

Glacier White, Lake Blue, Epi Green, Cloud Purple နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး ၁,၂၉၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ သိန်း ၅၀ ဝန်းကျင်ကျသင့်မှာဖြစ်ပြီး မတ်လ ၁ ရက်နေ့ရောင်းမှာပါ။

Ref : gizmochina