Samsung ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက 5nm Architecture ကို အခြေခံထားတဲ့ Exynos 1080 Chipset ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Exynos 1080 Chipset ဟာ ပြီးခဲ့တဲ့ Exynos 980 ရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Flagship ဖုန်းတွေအစား High End စမတ်ဖုန်းတွေအတွက် ရည်ရွယ်ထားတဲ့ Chipset တစ်ခုဖြစ်ပါတယ်။

လက်ရှိသိထားရတဲ့သတင်းတွေအရ Samsung Exynos 1080 Chipset ကို Vivo X60 Series စမတ်ဖုန်းတွေမှာ အစောဆုံးအသုံးပြုလာမှာဖြစ်ပါတယ်။ အခုလည်း Exynos 1080 Chipset ရဲ့ Antutu Benchmark တွေက ပေါက်ကြားလာခဲ့ပါပြီ။

Antutu Benchmark မှာ ပေါက်ကြားလာခဲ့တဲ့ Exynos 1080 Chipset ကို အသုံးပြုထားတဲ့ စမတ်ဖုန်းရဲ့ Codename ကိုတော့ Orion လို့ ပေးထားတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Vivo X60 Series ဖုန်းဖြစ်မလား၊ Samsung ဖုန်းတစ်လုံးလာဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ အဆိုပါ Orion ဖုန်းဟာ Full HD+ 120Hz Display ၊ 8GB LPDDR5 RAM နဲ့ 512GB UFS 3.1 Storage တွေပါဝင်မှာဖြစ်ပါတယ်။

ထူးခြားချက်တစ်ခုကတော့ အဆိုပါ Exynos 1080 Chipset ဟာ Antutu Benchmark မှာ ရမှာ 693,600 Marks အထိ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါကလက်ရှိမှာ အကောင်းဆုံးဖြစ်နေတဲ့ Qualcomm Snapdragon 865 Chipset တွေထက်တောင် ပိုပြီးသာနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Exynos Processor တစ်ခုအနေနဲ့ကတော့ အထင်ကြီးဖို့ကောင်းနေပါတယ်။

ဘာပဲဖြစ်ဖြစ် ယခု High End Chipset တစ်ခုဖြစ်တဲ့ Exynos 1080 Chipset က Snapdragon 865 Chipset ထက် ပိုကောင်းနေတဲ့အတွက် Samsung ရဲ့ 5nm ကို အခြေခံလာမယ့် Flagship Exynos 2100 Chipset ကတော့ လာမယ့်နှစ်မှာ စွမ်းဆောင်ရည်အကောင်းဆုံးတောင် ဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China