SMS လှူဒါန်းမှုအစီအစဉ်မှ ရရှိသော အလှူငွေများ ၊ Mytel Mobile Legends Myanmar Covid-19 Charity Championship ပွဲမှ ဆုကြေးငွေများနှင့် ခွဲစိတ်ခန်းသုံးမျက်နှာဖုံးများကို Mytel မှ လှူဒါန်းလိုက်သည်။

မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytel သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ (ကိုဗစ်-၁၉) ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီသို့ ကန်ဒေါ်လာ ၂၁,၀၀၀ တန်ဖိုးရှိသော လှူဒါန်းမှုများကို လွှဲပြောင်းလှူဒါန်းခဲ့ပါသည်။ ထိုလှူဒါန်းမှုပွဲအခမ်းအနားကို ရန်ကုန်မြို့ ကျန်းမာရေးဝန်ကြီးဌာန ၌ ကျင်းပခဲ့ပြီး Mytel ၏ ဘဏ္ဍာရေးအရာရှိချုပ် ဦးသိန်းအောင် မှ ဦးဆောင်တက်ရောက်ခဲ့ပါသည်။ ဂရုအစိုက်ဆုံးအော်ပရေတာတစ်ခု ဖြစ်သော Mytel သည် ယခုဖြစ်ပွားလျက်ရှိသော အခြေအနေနှင့်စပ်လျဉ်း၍ အစိုးရနှင့် ပြည်သူများ၏ စိုးရိမ်ပူပန်နေမှုများကို ကောင်းမွန်စွာနားလည်သည့်အတွက် တိုင်းပြည်၏ လိုအပ်သည့်နေရာများတွင် ကူညီပံ့ပိုးပေးရန် အသင့်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစီး၍ ယခုကမ္ဘာကပ်ရောဂါကြီးကို တိုက်ထုတ်ရာတွင် အတတ်နိုင်ဆုံး ပါဝင်ကူညီ အားဖြည့်ပေးသွားမည်ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့လည်း အခုလို ကပ်ရောဂါဖြစ်ပွားနေချိန်မှာ Mytel က မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် အထောက်အကူဖြစ်စေတဲ့ ပံ့ပိုးမှုတွေနဲ့ကူညီပေးတဲ့အတွက်ရော သူတို့ရဲ့ စေတနာသဒ္ဓါတရား ထက်သန်မှုအတွက်ရော ဝမ်းသာကြည်နူးမိပါတယ်။ ဒီနေ့လှူဒါန်းမှုက Covid-19 ကာကွယ်၊ တိုက်ဖျက်၊ ကုသရေးလုပ်ငန်းမှာ ရှေ့တန်းက ပါဝင်နေကြတဲ့ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အသိပညာရှင် အတတ်ပညာရှင်တွေအတွက် အားတစ်ခုဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ နောက်နောင်လည်း Mytel က ဒီလိုမျိုး အများအတွက်အကျိုးရှိတဲ့ အစီအစဉ်တွေကို ပိုမိုပြုလုပ်နိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်။” ဟု ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်မှ ပြောကြားခဲ့ ပါသည်။

“Mytel က မြန်မာပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးကိုလည်း အလေးထားတဲ့ အော်ပရေတာတစ်ခုဖြစ်တာကြောင့် အခုလို ကမ္ဘာလုံးဆိုင်ရာရောဂါကြီးကို မပျံ့နှံ့အောင် နေ့ရောညပါ အားသွန်ခွန်စိုက် အလုပ်လုပ်ပြီး အတတ်နိုင်ဆုံး ကာကွယ်ထိန်းချုပ် ပံ့ပိုးကူညီနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကျွန်တော်တို့က အထူးပဲကျေးဇူးတင်ပါတယ်။ ဒ့ါအပြင် ဒီနေ့လို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီကို လှူဒါန်းမှုပြုပြီး တတ်နိုင်သလောက်ပံ့ပိုးပေးနိုင်ခဲ့လို့ ကျွန်တော်တို့ Mytel အနေနဲ့ အလွန်ဝမ်းမြောက်မိပါတယ်။ နောက်ထပ်လည်း အခုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် ဖြစ်ပွားစေတဲ့ ဆိုးကျိုးတွေကို လျော့ပါးသက်သာစေဖို့ လုပ်ဆောင်ချက်တွေကို တတ်အားသရွေ့ ဝမ်းမြောက်စွာ ဆက်လက်ပါဝင်ကူညီ ဆောင်ရွက်ပေးသွားဦးမှာပါ” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦး မှပြောကြားခဲ့သည်။

ယခုလှူဒါန်းမှုသည် ဧပြီလအတွင်း Mytel ၏ “Together we FIGHT COVID-19” ကမ်ပိန်းအောက်ရှိ စာတိုပေးပို့လှူဒါန်းခြင်းမှ ရရှိသောအလှူငွေ ၅,၆၀၀ USD၊ Mytel Mobile Legends Myanmar Covid-19 Charity Championship မှဆုကြေးငွေ ၁၀,၀၀၀ USD နှင့် ထပ်တိုးလှူဒါန်းသော နှာခေါင်းစည်း အခု တစ်သောင်း ၏ တန်ဖိုးငွေ ၅,၆၀၀ USD တို့အား စုပေါင်း၍ လှူဒါန်းခြင်းဖြစ်သည်။

Mytel သည် ဧပြီလအစောပိုင်းကာလတွင် ပြည်သူလူထုမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ (ကိုဗစ်-၁၉) ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီသို့ လှူဒါန်းနိုင်မည့် SMS Donation အစီအစဉ်ကို စတင်မိတ်ဆက်ပေးခဲ့သည်။ သုံးစွဲသူများအနေဖြင့် 111 သို့ CV19 ဟုပေးပို့လိုက်ရုံနှင့် ၎င်းတို့၏ ငွေလက်ကျန်မှ ၁,၀၀၀ ကျပ်ကို လှူဒါန်းနိုင်မည်ဖြစ်သည်။ ထို့အပြင် Mytel Mobile Legends Myanmar Covid-19 Charity ပွဲကြီးကိုလည်း မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၈ ရက် ၂၀၂၀ အထိ ကျင်းပခဲ့ပြီး မြန်မာ ၊ မလေးရှား နှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ ထိပ်တန်းအသင်းများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ လူမှုကွန်ရက် ပလက်ဖောင်းပေါ်တွင် ပွဲတစ်ပွဲစီ၏ ကြည့်ရှုသူ ၄၈,၀၀၀ ထိရှိခဲ့ပြီး ပွဲစဉ်တစ်လျှောက် ကြည့်ရှုသူပေါင်း ၃,၀၀၀,၀၀၀ အထိကို ဆွဲဆောင်နိုင်သည့် ပွဲလည်းဖြစ်ခဲ့သည်။ အထက်ပါအစီအစဉ်များသည် “Together we FIGHT COVID-19” ကမ်ပိန်းမှတစ်ဆင့် ကပ်ရောဂါဖြစ်ပွားနေချိန်တွင် မြန်မာလူထုကို ထောက်ပံ့ကူညီရည်ရွယ်၍ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုအစီအစဉ်များအပြင် Mytel သည် (၅၀% ငွေဖြည့်အပိုလက်ဆောင် + ၂၀၀% ဒေတာအပိုဆုရယူနိုင်မည့်) နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ် ကိုလည်း မိတ်ဆက်ပေးခဲ့သည်။

မကြာသေးမီကပင် Mytel မှ “Safe Market” ဟူသောအစီအစဉ်ကို ပြည်တွင်းရောဂါထိန်းချုပ်ရေး နှင့်ကာကွယ်ရေးစင်တာများ နှင့် ပူးပေါင်းကာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ကုန်သည်၊ဈေးသည်များ အတွက် ဈေးအတွင်း social distancing အလေ့အကျင့်ကို လိုက်နာကျင့်သုံးရန် အားပေးသောအနေဖြင့် ရွင်ဖျင်ထီးများ လှူဒါန်းပေးခဲ့သည်။ ထိုကြောင့်လည်း ၎င်းလှူဒါန်းမှုအစီအစဉ်သည် လူမှုကွန်ယက်ပေါ်မှတစ်ဆင့် ပြည်သူလူထု၏ တစ်ခဲနက် အားပေးထောက်ခံမှုကို ရရှိခဲ့သည်။

မြန်မာလူမျိုးတို့၏ အကျိုးနှင့် သက်သာချောင်ချိရေးအား ဂရုစိုက်သော ရှေ့ပြေးတီထွင်သူအော်ပရေတာ Mytel သည် အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲကျပ်တည်းသောကာလများတွင် မိမိနိုင်ငံအား အကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ ပေးနိုင်ရန် ဆက်လက်တီထွင်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Source – Mytel