မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytel သည် သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် “My Garawa” ပရိုမိုးရှင်းအစီအစဉ် ကို ၂၀၂၀၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် စတင် မိတ်ဆက်ခဲ့ပြီး ထိုအစီအစဉ်မှတစ်ဆင့် Hyundai Grand i10 ကား (၁၀) စီး၊ Honda Scoopy မော်တော်ဆိုင်ကယ် (၂၀) စီး၊ နေ့စဉ် လက်ဆောင်ခြင်းများအပြင် Mytel ဒေတာများ၊ MytelPay E-money ဆုများ၊ Loyalty ပွိုင့်များ အစရှိသော ဆုများကို ဂိမ်းကစားရင်း ကံစမ်းနိုင်မည်ဖြစ်သည်။

ဤပရိုမိုးရှင်းအစီအစဉ်၏ တတိယအကြိမ်မြောက် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို Mytel Myanmar Page မှ ထုတ်လွှင့် တင်ဆက်ခဲ့ပြီး အနုပညာရှင်များဖြစ်ကြသော ဒိန်းဒေါင် ၊ ငြိမ်းချမ်း ၊ အုန်းသီး နှင့် အခြားသော လူရွှင်တော် အနုပညာရှင်များနှင့်အတူ ပျော်ရွှင်စရာဂိမ်းများ ကစားအပြီးတွင် ဆုလက်ဆောင်များ၏ ကံထူးရှင်များကို ရွေးချယ်ပေးခဲ့ကြပါသည်။ အဆိုပါ Livestream တွင် Hyundai Grand i10 ကားကိ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်တွင် နေထိုင်သော Mytel အသုံးပြုသူ ကိုခင်စိုး မှ ဆွတ်ခူးခဲ့ပါသည်။ ပရိုမိုးရှင်းကာလမှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ဖြစ်သည့်အတွက် ကျန်ရှိနေသေးသော ဆုများကို My Garawa ဂိမ်းကစားကာ ကံစမ်းနိုင်သေးကြောင်း Mytel မှ ကြေညာခဲ့သည်။

ကျန်ရှိနေသေးသောပရိုမိုးရှင်းကာလအတွင်း အစီအစဉ်တွင်ပါဝင်ပြီး ဆုကြီးများကို ကံထူးနိုင်ရန် –

MyID အက်ပလီကေးရှင်းရှိ “My Garawa” ဂိမ်းကစားကာ S1 မှ S10 အထိ ဆင်းမ်ကတ်များ စုဆောင်းခြင်း နှင့် တိုက်ရိုက်ထုတ်လွှင့်မှု မှတစ်ဆင့် ကံစမ်းမဲဖောက်ခြင်းအစီအစဉ်တွင် ပါဝင်နိုင်မည့် Lucky ကုဒ်များ စုဆောင်း ခြင်း တို့ကို ပြုလုပ်ရမည် ဖြစ်ပါသည်။ Lucky ကုဒ်များ ရယူရန်အတွက် USSD 966၊ Infinity Plan နှင့် Mytel Pay မှတစ်ဆင့် (၂၀၀ကျပ်နှင့်အထက်) Mytel ပတ်ကေ့ချ်များကို ဝယ်ယူခြင်း (သို့) အခြားသူတစ်ဦးထံ မေတ္တာ လက်ဆောင် အဖြစ်ပေးပို့ခြင်း၊ ၁,၀၀၀ကျပ်နှင့်အထက် ဖုန်းငွေဖြည့်သွင်းခြင်းနှင့် Mytel FTTH ပက်ကေ့ချ် များအတွက် လစဉ်ကြေးပေးဆောင်ခြင်းတို့ကို ပြုလုပ် ပြီးကံစမ်းနိုင်မည်ဖြစ်သည်။

“My Garawa” ဂိမ်းကစားပြီး ဆင်းမ်ကတ်များ စုဆောင်းရန် MyID App အား ဒေါင်းလုပ် မလုပ်ရသေးပါက http://onelink.to/myid ကိုဝင်ရောက်၍ ဒေါင်းလုပ်ရယူနိုင်ပါသည်။

မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှုသော အကောင်းဆုံးအော်ပရေတာ Mytel သည် ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ ဖြစ်စေနိုင်မည့် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်ပြီး မြန်မာလူမျိုးတို့၏ သုံးစွဲမှုအလေ့အထနှင့် ကိုက်ညီသည့် အရည်အသွေးပြည့်မီကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံနှင့်ကိုက်ညီပြီး အသုံးပြုသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဆန်းသစ် တီထွင်မှုများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုးပေးနိုင်ရန် အထူးအာရုံစိုက်၍ ဆက်လက်ဖော်ထုတ်သွားမည် ဖြစ်သည်။

Source – Mytel