Mytel မှ ၂၀၁၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုရရှိသူ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများအား ကျပ် ၅၇၃ သိန်း ချီးမြင့်ခဲ့ပြီး ၎င်းတို့၏ လူမှုအဖွဲ့အစည်းအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုအစီအစဉ်များကို ဆက်လက်လုပ်ဆောင်သည်။

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံးအော်ပရေတာ Mytel သည် ၂၀၁၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုရရှိသူ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများအား ဆုချီးမြင့်သည့်အခမ်းအနားကို Park Royal ဟိုတယ်တွင်ကျင်းပခဲ့သည်။ ဆီးဂိမ်းပြိုင်ပွဲ၌ အားကစားနည်းပေါင်း ၂၁ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ဆုအသီးသီးရရှိခဲ့ကြသူ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများအား Mytel မှ မြန်မာကျပ်ငွေ ၅၇၃ သိန်းအထိ ချီးမြင့်ပေးခဲ့ပါသည်။

“ဒီနေ့မှာဆိုရင်တော့ Mytel က ၂၀၁၉ခုနှစ် SEA Games မှာဆုရရှိတဲ့သူတွေကို ငွေသားဆုတွေ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ အခုလိုချီးမြှင့်ရခြင်းက နိုင်ငံ့ကိုယ်စား သွားရောက်ယှဉ်ပြိုင်ပေးတဲ့သူတွေနဲ့ ဆုတံဆိပ်တွေပြန်လည်ယူဆောင်လာပေးနိုင်တဲ့ သူတွေကို ကျေးဇူးတုံ့ပြန်ချင်လို့ပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တာက မျိုးချစ်စိတ်ပြင်းပြမှုကို ပြသတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်အနေနဲ့ အားကစားသမားတိုင်းကို ဆက်လက်ကြိုးစားပါလို့လည်း ပြောချင်ပါတယ်။ နောက်နှစ်တွေမှာလည်း အခုလို ရှေ့ဆက်ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့အောင်မြင်မှုတွေပိုရရှိပြီး ဆုတံဆိပ်တွေပိုရမယ်လို့ ထင်ပါတယ်။” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးမှ ပြောကြားခဲ့ပါသည်။

(၃၀) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၄ဆု၊ ငွေတံဆိပ် ၁၈ဆုနှင့် ကြေးတံဆိပ် ၅၂ဆု စုစုပေါင်း ရရှိခဲ့သည်။ မြန်မာနိုင်ငံ ကိုယ်စားပြုအားကစားသမားများမှ အားကစားအမျိုးအစားပေါင်း ၂၁ခု ဖြစ်သော အမျိုးသား ဘောလုံး၊ အမျိုးသမီးဘောလုံး၊ ဘိလိယက်နှင့်စနူကာ၊ အားနစ်၊ လှေလှော် (ရိုးရာလှေ)၊ ကနူး/ကယက်၊ အပြည်ပြည်ဆိုင်ရာလှေ၊ မြှားပစ်၊ ဂျူဒို၊ ဝူရှူး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ တိုက်ကွမ်ဒို၊ နပန်း၊ Kurash၊ စစ်တုရင်၊ ဟော်ကီ၊ ကရာတေး၊ ပီတန်း၊ ရွက်လှေ စသည့်အားကစားများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထိုသို့ဆုတံဆိပ်ရရှိခြင်းအတွက် အမျိုးသား ဘောလုံးအသင်းသို့ ကျပ် သိန်းသုံးရာ၊ အမျိုးသမီး ဘောလုံးအသင်းသို့ ကျပ် သိန်းတစ်ရာ့ငါးဆယ် နှင့် အခြားအားကစားအဖွဲ့များသို့ ကျပ်တစ်ရာနှစ်ဆယ့်သုံးသိန်း ဆုငွေများ ချီးမြှင့်ခဲ့သည်။

Mytel မှ ရန်ကင်းကလေးဆေးရုံရှိ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် (၁၂) ဦးအတွက် အလွန်မွန်မြတ်လှသော လှူဒါန်းမှုတစ်ခုဖြစ်သည့် Empower My Children ပွဲကြီးအား မကြာသေးမီကမှ ကျင်းပခဲ့ပါသည်။ ယခင်တွင် Mytel သည် ပညာရေးဆိုင်ရာလူထုအကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သော အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးများသင်ကြားပို့ချနေသော ကျောင်းပေါင်း ၂၅၈ ကျောင်းတွင် အင်တာနက် ဝန်ဆောင်မှုများ အခမဲ့ပေးခြင်းဖြင့် ICT ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို စတင်ခဲ့သည်။ Mytel သည် အစိုးရ ဌာနဆိုင်ရာများ နှင့် အခြားသောအဖွဲ့အစည်း ၁၆၉ ခု ၊ ဘာသာရေးဆိုင်ရာနေရာပေါင်း ၁၂ ခု နှင့် ဆေးရုံ ၁ ရုံ တွင်လည်း အခမဲ့အင်တာနက်ဝန်ဆောင်မှုများကို တပ်ဆင်ပေးခဲ့ပါသည်။ ထို့အပြင် အစိုးရဌာနရုံး ၆ ရုံး တွင်လည်း Video Conferencing System ကို ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ၄၄၆ နေရာ တွင် အခမဲ့လှူဒါန်းပြီးဖြစ်ပါသည်။ ထို့အပြင် Mytel သည် အခမဲ့ဝန်ဆောင်မှုများအား အခြားသော ဘာသာရေးဆိုင်ရာ ကဏ္ဍများဖြစ်သော ဘုရား၊ ဗုဒ္ဓဘာသာ တက္ကသိုလ်များနှင့် ဘုန်းကြီးကျောင်းများ၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍများဖြစ်သော ပုဂ္ဂလိကနှင့် အထွေထွေဆေးရုံများနှင့် အစိုးရဆိုင်ရာကဏ္ဍများဖြစ်သော Video Conferencing စနစ်နှင့် အင်တာနက်ဝန်ဆောင်မှု များကို ဆက်လက်၍ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။