Nokia ဟာ လကမ္ဘာကို နယ်ချဲ့ဖို့ ပြင်ဆင်နေပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက Nokia ဟာ လကမ္ဘာမှာ 4G LTE ကွန်ရက် တည်ဆောက်နိုင်မယ့် စနစ် ၁ ခုကို စတင် တည်ဆောက်ခဲ့ပါတယ်။ အခုတော့ နာဆာက Nokia ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ဒေါ်လာ ၁၄.၁ သန်း ထောက်ပံ့ပေးဖို့ သဘောတူညီလိုက်ပါတယ်။

Nokia getting NASA funding to bring 4G to the Moon | Nokiamob

အဲဒီ စီမံကိန်းအရ Nokia ဟာ လကမ္ဘာမှာ 4G LTE ကွန်ရက် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ နာဆာဟာ လကမ္ဘာကို သုတေသန ပြုလုပ်ဖို့အတွက် အကောင်အထည် ဖော်နေတဲ့ စီမံကိန်းတွေထဲက ၁ ခု ဖြစ်ပါတယ်။ နာဆာဟာ ၂၀၂၈ ခုနှစ်မှာ အာကာသယာဉ်မှူးတွေ လကမ္ဘာမှာ အခြေချနေထိုင်နိုင်ဖို့အတွက် SpaceX နဲ့ United Launch Alliance တို့လို ကုမ္ပဏီတွေကို စုစုပေါင်း ဒေါ်လာ သန်း ၃၇၀ ပေးထားပါတယ်။

Nokia is working to bring 4G networks to the moon

နာဆာက Nokia ရဲ့ 4G ကွန်ရက်ကြောင့် လကမ္ဘာမှာ ဆက်သွယ်ရေး စနစ် ပိုကောင်းလာသလို ပိုဝေးတဲ့ တည်နေရာတွေမှာလည်း လိုင်းမိလာဖို့ မျှော်လင့်ထားပါတယ်။ ဒါ့အပြင် လက်ရှိ စံနှုန်းထက် အမြန်နှုန်းနဲ့ တည်ငြိမ်မှု ပိုကောင်းလာမှာ ဖြစ်ပြီး အာကာသယာဉ်မှူးတွေနဲ့ စက်ရုပ်ကားတွေအကြားမှာ ဆက်သွယ်ရေး ပိုမိုက်လာမှာပါ။ Nokia ဟာ လကမ္ဘာမှာ ဆက်သွယ်ရေး စနစ် ပိုကောင်းလာအောင် တည်ဆောက်ပေးရမှာပါ။

ကြားရတာတော့ လကမ္ဘာမှာ မကြာခင် တက်နေလို့ ရတော့မယ့် ပုံပါပဲ။ ဒါပေမယ့် ထင်သလောက်တော့ မလွယ်ပါဘူး။ Nokia ဟာ လကမ္ဘာမှာ 4G ကွန်ရက် တည်ဆောက်ဖို့ ကြိုးစားခဲ့တဲ့ နောက်ဆုံး အကြိမ်တုန်းက မအောင်မြင်ခဲ့သလို ၂၀၁၉ ခုနှစ်မှာ အောင်မြင်မယ်လို့ ပြောခဲ့တာလည်း မဖြစ်လာခဲ့ပါဘူး။

Ref : androidpolice