Netflix လို့ပြောလိုက်တာနဲ့ လက်ရှိအချိန်မှာ အကောင်းဆုံး Movie Streaming Service တစ်ခုဆိုပြီး လူတိုင်းသိကြမှာပါ။ ဒါပေမယ့် Netflix ဟာ အခမဲ့တော့ ကြည့်ရှုနိုင်ဦးမှာမဟုတ်ဘဲ ကိုယ်ရွေးချယ်တဲ့ Plan ပေါ်မူတည်ပြီး လစဥ်ကြေးပေးရမှာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Netflix ကနေ ပထမဆုံးအနေနဲ့ လစဥ်ကြေးပေးစရာမလိုတဲ့ အခမဲ့ Free Plan တစ်ခုကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Free Plan ကို လက်ရှိအချိန်မှာ ကင်ညာနိုင်ငံမှာပဲ စတင်ထုတ်ပေးထားတာဖြစ်ပြီး တခြားသော Region တွေမှာတော့ အသုံးပြုနိုင်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။

အခုလိုမျိုး Netflix ကို အခမဲ့အသုံးပြုဖို့အတွက်က Payment Information ဖြည့်စရာလည်း လိုအပ်မှာမဟုတ်ဘဲ Email နဲ့ အသက် ၁၈ နှစ်အထက်ဖြစ်ဖို့ပဲ လိုအပ်မှာဖြစ်ပါတယ်။ ကြည့်ရှုတဲ့အချိန်မှာလည်း ကြော်ငြာတွေပါဝင်မှာမဟုတ်ပေမယ့် ပုံမှန် အခကြေးငွေပေးရတဲ့ Movie Catalog ရဲ့ ၂၅ ရာခိုင်နှုန်းကိုပဲ ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Free Plan ဟာ TV တွေနဲ့ တခြားသော Device တွေကို Casting ပြုလုပ်နိုင်မှာမဟုတ်သလို Download ပြုလုပ်နိုင်မှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် Netflix ရဲ့ Personal Recommendations ၊ Multiple Profile ၊ Ad-free Playback နဲ့ Parental Control တွေကိုတော့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Netflix ဟာ အခုလိုမျိုး Free Plan ကို ထုတ်ပေးလိုက်တာက အသုံးပြုသူတွေကို စတင်စမ်းသပ်အသုံးပြုစေချင်ပြီးတော့ Paid Plan တွေကို အဆင့်မြှင့်တင်စေဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တခြားသော နိုင်ငံတွေအတွက် Free Plan ကိုထုတ်ပေးသွားဖို့ အစီအစဥ်ရှိမလားဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

Ref – GSM Arena