Netflix ဟာ Playback Speed ပြောင်းနိုင်တာ၊ Screen ကို Lock လုပ်နိုင်တာ အပါအဝင် လုပ်ဆောင်ချက် အမိုက်စားတွေကို အချိန်နဲ့အမျှ ထည့်သွင်းပေးနေပါတယ်။ အခုလည်း Netflix က Audio Only Mode ကို စမ်းသပ်နေပြီး Full Screen Player ရဲ့ ထိပ်မှာ Video Off Button ကို မြင်ရမှာပါ။

YouTube Premium အကောင့် သုံးစွဲသူတွေလိုပဲ ရုပ်ရှင်၊ ဗီဒီယိုတွေကို Screen ပိတ်ထားပြီး အသံနားဆင်နိုင်မှာ ဖြစ်ပါတယ်။ အခု Update အသစ်ကို Subscribers အနည်းငယ်ထံသို့ Server Side ကနေ  Version 7.84.1 build 28 35243 အနေနဲ့ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

Audio-only Mode မှာ Scrub Bar , Forware / Backward နဲ့ Speed တို့ အပါအဝင် ထိန်းချုပ်ခလုတ်တွေကို ထိပ်ဖက်မှာ တွေ့ရပါတယ်။ Audio Only Mode မှာပဲ Always On, Headphones or External Speakers နဲ့ Off အပါအဝင် Option များစွာလည်း ပါလာပါတယ်။

Netflix ဟာ ဒီလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ အခကြေးငွေ ပေးစရာမလိုဘဲ ကုမ္ပဏီရဲ့ Content တွေကို အခမဲ့ ကြည့်ရှုခွင့်ပေးတဲ့ StreamFest ကို ပြုလုပ်ပေးခဲ့ပါတယ်။

Ref : fonearena