အွန်လိုင်းရုပ်ရှင် Streaming ဝန်ဆောင်မှုဖြစ်တဲ့ Netflix ဟာ Google Play Store ပေါ်က သူတို့ရဲ့ Android App ကို Download ပြုလုပ်ရယူသူပေါင်း တစ်ဘီလီယံကျော်သွားတဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ ဒီအရေအတွက်ထဲမှာ ကြိုတင် Install ပြုလုပ်ရောင်းချထားတဲ့ စမတ်ဖုန်းတွေပါ ထည့်တွက်ထားပေမယ့် တစ်ဘီလီယံ ဆိုတာ အတော်လေးကို အောင်မြင်တဲ့ ကိန်းဂဏန်းတစ်ခုပါ။

သူ့ပြိုင်ဘက် Streaming ပလက်ဖောင်းတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် Amazon Prime ဟာ Google Play ပေါ်မှာ Download ကြိမ်ရေ သန်း ၁၀၀ မှ ၅၀၀ အတွင်း လို့ဖော်ပြထားပြီး Hulu က သန်း ၅၀ နဲ့ ၁၀၀ ကြား၊ HBO GO ကတော့ ၅ သန်း အထက်သာ ရှိပါသေးတယ်။

Netflix ကို စိန်ခေါ်လာနိုင်တဲ့ ကြယ်ပွင့်သစ်ကတော့ Disney ရဲ့ဝန်ဆောင်မှုအသစ် Disney+ ဖြစ်ပြီး အချိန်တိုအတွင်းမှာ ဆယ်သန်းကျော်ထိ ရရှိထားပြီ ဖြစ်ပါတယ်။ Disney+ ဟာ လာမယ့် နိုဝင်ဘာမှ တစ်နှစ် ပြည့်မှာပါ။

Netflix ဟာ ကိုဗစ်ကပ်ဘေးကာလအတွင်းမှာ မြင့်တက်လာတဲ့ အသုံးပြုမှုတွေကြောင့် အင်တာနက် Traffic မဖြစ်ရအောင် Video Quality လျော့ချမှုကို အရင်ဆုံး စတင်ခဲ့တဲ့ Streaming ပလက်ဖောင်းလည်း ဖြစ်ပါတယ်။ နှစ်လအကြာမှာ မူလအတိုင်း ပြန်ပြောင်းခဲ့ပေမယ့် ပြိုင်ဘက်တွေကတော့ အခုထိ SD Quality ကို အသုံးပြုနေကြဆဲပါပဲ။

Ref – GSMArena