သင် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ NFT တွေဟာ လူတွေရဲ့ နေ့စဉ်ဘဝထဲကို နည်းလမ်း အမျိုးမျိုးနဲ့ ဝင်ရောက်လာပါပြီ။ အခုလည်း Networking ကုမ္ပဏီကြီး Netgear က သူ့ရဲ့ အင်တာနက်ချိတ်ဆက်နိုင်တဲ့ စမတ် ဖရိမ် Meural ကနေ NFT တွေကို ပြသတော့မှာ ဖြစ်ပါတယ်။

Meural ကို ဓါတ်ပုံတွေ ပြသပေးဖို့ ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပေမယ့် Netgear က ဇန်နဝါရီက စတင်ကာ Meural နဲ့ MetaMask Cryptocurrency Wallet တို့ကို စမ်းသပ် ပေါင်းစည်းမယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ အဲဒီအတွက် NFT တွေကို Meural သို့ Upload လုပ်နိုင်သလို သိမ်းဆည်းနိုင်မှာပါ။

Meural WiFiフォトフレーム - デジタルフォトキャンバス | NETGEAR

NFT ထောက်ပံ့မှု မတိုင်ခင်က Meural ရဲ့ လုပ်ဆောင်ချက်တွေကို ပြောပြချင်ပါတယ်။ Meural မှာ သင့် ဖုန်းထဲက ဓါတ်ပုံတွေကို Slideshow အနေနဲ့ ကြည့်ရှုနိုင်သလို Meural မှာ ကမ္ဘာ့ အကြီးမားဆုံး Streaming Library ရဲ့ အနုပညာလက်ရာနဲ့ ဓါတ်ပုံတွေကို ကြည့်ရှုနိုင်ပါတယ်။ အဲဒီ ဝန်ဆောင်မှုကို လစဉ်ကြေး၊ နှစ်စဉ်ကြေး အနေနဲ့ ၈.၉၅ ဒေါ်လာ၊ ၆၉.၉၅ ဒေါ်လာနဲ့ အသီးသီး အသုံးပြုနိုင်ပါတယ်။ အခုတော့ NFT တွေကိုပါ Meural မှာ ကြည့်ရှုနိုင်တော့မှာပါ။

Meural ဖရိမ်တွေအတွက် အရွယ်အစား အမျိုးမျိုး ထုတ်လုပ်ပေးထားပြီး စားပွဲတင် 13.5x 7.5 Inches ကနေ နံရံမှာ ချိတ်ဆွဲထားနိုင်တဲ့ 16 x 24 နဲ့ 19 x 29 Inches အရွယ်အစားတွေအထိ ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ဖရိမ်တွေရဲ့ Display Resolution ဟာ 1080p ထက် မကျော်တာက အားနည်းချက်ဖြစ်ပါတယ်။

အရွယ်သေး ဖရိမ်ကို ၂၉၉.၉၅ ဒေါ်လာနဲ့ အရွယ်ကြီး ဖရိမ် ၂ ခုကို ၃၉၉.၉၅ ၊ ၅၉၉.၉၅ ဒေါ်လာနဲ့ အသီးသီး ရောင်းချပေးထားပါတယ်။ အဲဒီ မော်ဒယ်အားလုံးအတွက် အရောင်မျိုးစုံ ထုတ်လုပ်ပေးထားပြီး Netgear နဲ့ Amazon တို့ကနေ ဝယ်ယူနိုင်ပါတယ်။

Ref : theverge