Elon Musk ရဲ့ Neuralink ကုမ္ပဏီဟာ ကိုယ်အင်္ဂါ မသန်စွမ်းသူတွေရဲ့ ဦးနှောက်ထဲမှာ Chip ထည့်သွင်းပြီး အီလက်ထရောနစ် ကိရိယာတွေကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို တီထွင်နေပါတယ်။ အခုတော့ အဲဒီ Brain Chip ကို တတိယလူနာမှာ အောင်မြင်စွာ ထည့်သွင်းနိုင်ပါပြီ။ ဒီသတင်းကို Musk က X (Twitter) မှာ ထုတ်လွှင့်ပြသတဲ့ CES 2025 Interview မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
![]()
Musk က “ Neuralink Brain Chip ထည့်သွင်းနိုင်တဲ့ လူသား ၃ ယောက်ရှိသွားပါပြီ။ အားလုံး အဆင်ပြေနေပါတယ်။ အဆင့်မြှင့်ထားတဲ့ Device မှာ Electrodes တွေ ပိုမို ထည့်သွင်းထားပါတယ်။ Bandwidth ပိုမြင့်မာလာပြီး ဘက်ထရီ သက်တမ်း ပိုကောင်းလာပါတယ်။ “ လို့ ပြောပါတယ်။
![]()
Neuralink ဟာ ပိုကောင်းလာတဲ့ နည်းပညာကို အသုံးပြုပြီး ၂၀၂၅ ခုနှစ်မှာ နောက်ထပ် လူနာ ၂၀ ကနေ ၃၀ အတွင်းမှာ Brain Chip ထည့်သွင်းဖို့ စီစဉ်ထားပါတယ်။
ပထမဆုံး အမေရိကန်မှ လူနာဟာ ဗီဒီယိုဂိမ်းကစားနိုင်ပြီး အင်တာနက် ကြည့်နိုင်ပါတယ်။ လူမှုကွန်ရက် အသုံးပြုနိုင်ပြီး လက်ပ်တော့ ကာဆာကို စိတ်နဲ့ ထိန်းချုပ်နိုင်ပါတယ်။
Ref : Technology Innovation