လက်ရှိ Tablet စျေးကွက်ဟာ Apple iPad တွေပဲ အောင်မြင်မှုရရှိနေတာဖြစ်ပြီး Android Tablet တွေအနေနဲ့ ထင်သလောက် မအောင်မြင်နေဘူးလို့ ပြောနိုင်ပါတယ်။ ဒါကလည်း Android Flagship Tablet တွေရဲ့ Hardware ပိုင်းအားနည်းမှုထက် Software ပိုင်းမှာ Android OS ကိုယ်တိုင်က Tablet တွေထက် ဖုန်းတွေအတွက်ပဲ အဆင်ပြေနေတာကြောင့်ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဒီလိုမျိုး အားနည်းချက်ကို Huawei ကနေ ပြင်ဆင်သွားတော့မှာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိအကောင်းဆုံး Tablet တွေဖြစ်တဲ့ Apple iPad Pro နဲ့ Samsung Galaxy Tab S7+ တို့နဲ့ ယှဥ်ပြိုင်နိုင်တဲ့ MatePad Tablet အသစ်ကို မိတ်ဆက်သွားဖို့ စီစဥ်နေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Huawei MatePad အသစ်ဟာ Display ပိုင်းမှာ 12.9″ 120Hz OLED Display ကို အသုံးပြုလာမှာဖြစ်ပြီး လက်ရှိ Display အကောင်းဆုံး Tablet လို့ ပြောနိုင်တဲ့ Galaxy Tab S7+ နဲ့ ဆင်တးမှာဖြစ်ပါတယ်။ ဘေးဘောင်တွေကို အလွန်ပါးလွှာအောင် ပြုလုပ်ထားမှာဖြစ်သလို Punch-hole Selfie Camera ကိုပါ အသုံးပြုလာမှာဖြစ်ပါတယ်။

ပိုပြီး ထူးခြားနေတဲ့အချက်ကတော့ Huawei MatePad အသစ်ဟာ Android OS ကို အခြေခံထားတဲ့ EMUI အစား PadOS နာမည်နဲ့ ကိုယ်ပိုင် OS အသစ်ကို အသုံးပြုလာမှာဖြစ်ပါတယ်။ PadOS ဟာ Huawei ရဲ့ HarmonyOS ကို အခြေခံထားမှာဖြစ်ပြီး လက်ရှိ EMUI 11 မှာပါဝင်တဲ့ Feature တွေအပြင် Tablet တွေအတွက် သီးသန့် Feature တွေလည်း ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Huawei ဟာ ယခု MatePad ကို Kirin 9000 Chipset ကိုပဲ အသုံးပြုလာဖွယ်ရှိနေပြီး လာမယ့် ၂၀၂၁ ခုနှစ် မတ်လဝန်းကျင်မှာ Huawei P50 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားနိုင်ပါတယ်။

Ref – GSM Arena