Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဧပြီလဝန်းကျင်မှာ $399 တန် iPhone SE ကိုမိတ်ဆက်ခဲ့ပြီး Mid Range ဖုန်းစျေးကွက်ကို ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာလည်း Apple ကနေ iPhone SE အသစ်ကို ထပ်မံမိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပါတယ်။

အဆိုပါ သတင်းကိုတော့ Japanese Blog တစ်ခုဖြစ်တဲ့ Mac Otakara ကနေ ဖော်ပြခဲ့တာဖြစ်ပြီး လာမယ့် ဧပြီလအတွင်းမှာ iPhone SE စမတ်ဖုန်းအသစ်ကို မြင်တွေ့ရမယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် iPhone SE ဖုန်းတွေဟာ တစ်နှစ်တစ်ကြိမ် မိတ်ဆက်နေကျမဟုတ်တဲ့အတွက် ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကိုတော့ ခန့်မှန်းရခက်နေပါသေးတယ်။

ဖြစ်နိုင်တာကတော့ ယခင်တုန်းက သတင်းတွေထွက်ထားသလိုမျိုးပဲ iPhone 8 Plus ကိုယ်ထည်ဒီဇိုင်းကိုပဲ A13 Bionic Chip နဲ့ Secondary Camera Sensor ကို Ultrawide ပြောင်းလဲပြီး မိတ်ဆက်လာဖွယ်ရှိနေပါတယ်။ ဒါမှမဟုတ် လက်ရှိ iPhone SE ဒီဇိုင်းကိုပဲ Specification အဆင့်မြှင့်တင်ပြီး မိတ်ဆက်မယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။

နောက်ထပ် သတင်းအနေနဲ့ကတော့ iPhone SE ဖုန်းအသစ်နဲ့အတူ AirPods Pro တွေကိုလည်း အသစ်မိတ်ဆက်လာဖို့ရှိနေတယ်လို့ သိရပါတယ်။ AirPods Pro အသစ်တွေဟာ Earbuds ပုံစံတော့ ပြောင်းလဲမှာမဟုတ်ပေမယ့် Charging Case ကို ဒီဇိုင်းပြောင်းလဲလာမှာဖြစ်ပြီး ယခု AirPods Pro Charging Case ထက် Width ပိုင်းမှာ ပိုလျော့သွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ရဲ့ ယခုနှစ်အတွက် ပထမဆုံးမိတ်ဆက်လာမယ့် Product အသစ်တွေက iPhone SE နဲ့ AirPods Pro အသစ်တွေဖြစ်လာမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Mac Rumors