ဘရစ်စ်ဘိန်း အခြေစိုက် Graphene Manufacturing Group (GMG) က သူ့ရဲ့ Aluminum-ion ဘက်ထရီတွေကို စမ်းသပ်ပြီးပြီ ဖြစ်ပြီး စွမ်းဆောင်ရည် အရမ်း မြင့်မားတယ်လို့ ပြောပါတယ်။ အားသွင်းနှုန်း ပိုမြန်ပြီး ဘက်ထရီ သက်တမ်းက ရေရှည်တည်တန့်ပါတယ်။ Lithium-ion ထက် Aluminum-ion ဟာ ဘက်ထရီ သက်တမ်း ၃ ဆ ပိုမြင့်မားပါတယ်။

New aluminum ion batteries charge up to 60 times faster than lithium-ion.

Queensland တက္ကသိုလ်ရှိ Australian Institute for Bioengineering and Nanotechnology (AIBN) မှာ အဲဒီ Aluminum-ion ဘက်ထရီ နမူနာ မော်ဒယ်ကို စမ်းသပ်ခဲ့တာ ဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားတာကို တွေ့ခဲ့ရပါတယ်။ Cell ၁ ခုကို Charge / Discharge လုပ်တဲ့ အမြန်နှုန်းကို တိုင်းတာတဲ့ Power Density ဟာ 7,000 W/kg လောက် ရှိပြီး Energy Density က 150-160 Wh/kg ဖြစ်ပါတယ်။

Scientists create aluminum and graphene batteries that last longer and charge  60 times faster than lithium-ion batteries - Geek Tech Online

Aluminum-ion ဘက်ထရီရဲ့ Energy Storage နည်းပညာဟာ လက်ရှိ Lithium-ion ဘက်ထရီ နည်းပညာထက် Engergy Density နဲ့ Power Density အပိုင်းမှာ စွမ်းဆောင်ရည် ပိုမြင့်မားတာကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီအတွက် Aluminum-ion ဟာ Lithium-ion ထက် ဘက်ထရီ သက်တမ်း ၃ ဆ ပိုများသလို အားသွင်းနှုန်း ၆၀ ဆ ပိုမြန်ပါတယ်။

GMG က လက်ရှိမှာ အဲဒီ ဘက်ထရီ နည်းပညာ အသစ်ကို ဆက်လက် သုတေသန ပြုလုပ်မှာ ဖြစ်ပေမယ့် ဒီနှစ်ကုန်မှာ နမူနာ မော်ဒယ်တွေကို အနည်းငယ် စမ်းသပ်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာသာ အောင်မြင်လာမယ်ဆိုရင် စမတ်ဖုန်းတွေကို အားအပြည့်သွင်းဖို့ စက္ကန့်ပိုင်းလောက်ပဲ လိုတော့မှာပါ။

Ref : inceptivemind