ပြီးခဲ့တဲ့မေလတုန်းက Honor MagicBook laptop နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်အချို့ ပေါက်ကြားမှု ဖြစ်ခဲ့ပါသေးတယ်။ ကနဦးပေါက်ကြားသတင်းထွက်လာကတည်းက Honor MagicBook ဟာ AMD Ryzen 7 4800H processor အသုံးပြုထားမယ်ဆိုတဲ့အကြောင်း ပါဝင်ပြီးသားပါ။

နှစ်လနီးပါးကြာပြီးသွားချိန်မှာတော့ ဖြန့်ချိတော့မယ့် ဒီ Laptop ရဲ့ မော်ဒယ်နာမည်နဲ့ အသေးစိတ်အချက်အလက်အချို့က ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ Weibo အသုံးပြုသူတစ်ဦးရဲ့အဆိုအရ Honor Magic Book AMD Ryzen Edition ကို လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့မှာ မိတ်ဆက်ပြီး ဖြန့်ချိမယ်လို့ သိရပါတယ်။

ဒါ့အပြင် Tipster ဟာ Laptop ရဲ့ Teaser poster ကိုပါ မျှဝေခဲ့ပြီး “A+ Productivity” feature ကိုလည်း ရည်ညွှန်းထားတာ တွေ့မြင်ရပါတယ်။ ရည်ညွှန်းချက်ရဲ့ အသေးစိတ်အကြောင်းအရာကို မသိရသေးပေမယ့် ဒါဟာ ထုတ်ကုန်ရဲ့ Hardware ပိုင်း စွမ်းဆောင်ရည်နဲ့ ဆက်စပ်တယ်လို့ ယူဆရပါတယ်။

ပိုစတာမှာလည်း MagicBook Ryzen Edition ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာအဓိက အားသာချက်အချို့ကို အသေးစိတ်နီးပါး ဖော်ပြထားပါသေးတယ်။ Laptop ဟာ ပါးလွှာပေါ့ပါးတဲ့ တည်ဆောက်မှုနဲ့ဖြစ်ပြီး Honor MagicBook 14/15 နဲ့ MagicBook Pro တို့မှာအသုံးပြုထားတဲ့ Ryzen 4000 series chipset ကို အဆင့်မြှင့်တင်ထားမယ်လို့ မျှော်လင့်ရပါတယ်။

Chipset ကတော့ အစောပိုင်းပေါက်ကြားမှုမှာသိခဲ့တဲ့ AMD Ryzen 7 4800H processor ပဲဖြစ်ပါလိမ့်မယ်။ ဒါကိုမှ 16GB DDR4 RAM နဲ့ တွဲဖက်ထားတာပါ။ Western digital PC SN720 NVMe SSD လည်း ပါဝင်ပါတယ်။ GPU onboard တော့ ပါဝင်တာမတွေ့တာကြောင့် ဂိမ်းကစားဖို့ဆိုရင်တော့ သိပ်ပြီးအဆင်ပြေမှာမဟုတ်ပါဘူး။

Ref: Gizmochina