Honor အမှတ်တံဆိပ်ဟာ သူတို့ရဲ့ Hunter Gaming Laptop အသစ်တွေနဲ့ Watch GS Pro တို့ကို မကြာခင် မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ ရပ်တန့်မသွားသေးဘဲ အမည်မသိရသေးတဲ့ 5G စမတ်ဖုန်းတစ်ခုကို မော်ဒယ်နံပါတ် NZA-AN00/NZA-TN00 တို့ဖြင့် တရုတ် TENAA ဝက်ဆိုက်ပေါ်မှာ ထပ်မံ မြင်တွေ့လာရပါတယ်။

TENAA မှာ ဖော်ပြထားချက်အရ မကြာခင် ထွက်လာမယ့် Honor စမတ်ဖုန်းဟာ 5G အသုံးပြုနိုင်မှာဖြစ်ပြီး 2.0GHz Octa-core ချစ်ပ်ဆက်တွေ အသုံးပြုထားပါတယ်။ Memory Combo မှာ ရွေးချယ်စရာ နှစ်မျိုးရှိပြီး 4/64GB နဲ့ 6/128GB တို့ ဖြစ်ပါတယ်။

ရှေ့ဘက်မှာ ဆဲလ်ဖီးကင်မရာတစ်လုံးပါဝင်တဲ့ 6.6” TFT LCD Display သုံးစွဲထားပြီး Resolution က 1600 x 720p (HD+) ဖြစ်ပါတယ်။ နောက်ဘက်မှာတော့ စတုဂံပုံသဏ္ဍာန် Module ထဲမှာ Triple-camera အတွဲကို ထည့်သွင်းထားတယ်။

Honor NZA-AN00/TN00 မှာပါဝင်တဲ့ အခြား Feature တွေကတော့ Android 10, 3.5mm Audio Jack, ဘေးဘက်မှာ ထည့်သွင်းလာတဲ့ Fingerprint Scanner, 5000 mAh ဘက္ထရီနဲ့ 1080p ဗီဒီယို ရိုက်ကူးနိုင်စွမ်းတွေ ဖြစ်ပါတယ်။ ဒီဟန်းဆက် အသစ်ကို Black, Blue ကာလာနှစ်မျိုးနဲ့ ထုတ်လုပ်လာမှာပါ။

အထက်မှာ ဖော်ပြခဲ့တဲ့ Specs တွေကို ခြုံကြည့်မယ်ဆိုရင် အတတ်နိုင်ဆုံး ဝိတ်လျှော့ထားတဲ့ 5G စမတ်ဖုန်း တစ်လုံးကို တွေ့ရပြီး Honor အမှတ်တံဆိပ်ရဲ့ အောက်ကနေ ထွက်လာတဲ့ စျေးအချိုဆုံး 5G စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ TENAA ပေါ်ကို ရောက်ရှိပြီး ဖြစ်တာကြောင့် လာမယ့်ရက်အနည်းငယ်အတွင်းမှာ အမည်နဲ့ စျေးနှုန်း စတာတွေကို စတင် မြင်တွေ့လာရမှာပါ။

Ref – GSMArena