Huawei က 5G ဆက်သွယ်မှု ပါတဲ့ Nova 7 SE ကို ရောင်းချပေးထားပြီး Kirin 820 Chipset ထည့်သွင်းထားပါတယ်။ Mediatek Dimensity 800U Chipset ထည့်သွင်းထားတဲ့ Huawei Nova 7 SE မော်ဒယ်အသစ်ကို ကြေညာမယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပြီးပါပြီ။ အခုတော့ တရားဝင် ကြေညာမယ့်နေ့ကို သိလာရပြီလို့ ထင်ပါတယ်။

Huawei Nova 7 SE 5G – MyTech Myanmar

မော်ဒယ်အသစ်ကို အောက်တိုဘာလ ၁၆ ရက်နေ့ (မနက်ဖြန်)မှာ ကြေညာနိုင်ပြီး Huawei Nova 7 SE 5G Vitality Edition လို့ နာမည်ပေးထားနိုင်ပါတယ်။ မော်ဒယ်အသစ်အတွက် 8GB RAM/ 128GB Storage Version ၁ မျိုးပဲ ထွက်လာနိုင်ပြီး ကျန်တဲ့ Specs တွေကတော့ အရင် မော်ဒယ်နဲ့ တူမယ်လို့ ထင်ရပါတယ်။

Huawei nova 7 SE Price in Malaysia & Specs - RM1248 | TechNave

အရင် မော်ဒယ်မှာ အနောက်ကင်မရာ ၄ လုံး ပါလာပြီး 64MP Main, 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံးကို Punch Hole မှာ ထည့်သွင်းထားပါတယ်။ 4,000mAh ဘက်ထရီက မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပြီး 40W Fast Charging က တော်တော် မိုက်ပါတယ်။

Nova 7 SE ဟာ Nova 7 Series ထဲမှာ ဈေးအချိုဆုံး ဖြစ်ပြီး ဧပြီလမှာ ရောင်းချပေးခဲ့တာပါ။  ၂,၃၀၀ နဲ့ ၂,၈၀၀ ယွမ်အတွင်း ရှိပြီး ၄ သိန်းခွဲနဲ့ ၅ သိန်း ၄ သောင်းအတွင်း ကျသင့်မှာပါ။

Dimensity 800U Chipset ဟာ Kirin 820 လိုပဲ 7nm Process နည်းပညာနဲ့ တည်ဆောက်ထားတာပါ။ ဈေးကလည်း မတိမ်းမယိမ်းလောက် ရှိနိုင်ပါတယ်။

Ref : gsmarena