Apple က တက်ဘလက် အသစ်တွေကို ဖန်တီးနေပြီး လာမယ့် လအနည်းငယ်အတွင်း ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီ  တက်ဘလက် အားလုံးမှာ iPadOS 17 ထည့်သွင်းထားမှာ ဖြစ်ပြီး နောက် စက်တင်ဘာလ မတိုင်ခင်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Current iPad mini

အဲဒီ တက်ဘလက်တွေကို ကြေညာမယ့်နေ့ကို အတိအကျ မသိရသေးပေမယ့် iPad mini အသစ်ရဲ့ ဒီဇိုင်းဟာ နောက်ဆုံးထုတ် iPad mini နဲ့ တူညီမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အတွင်းပိုင်း အစိတ်အပိုင်းတွေကိုတော့ အဆင့်မြှင့်ထားမှာ ဖြစ်ပါတယ်။

Current iPad Air

Apple က iPad Air အသစ် ၂ လုံးကို ကြေညာမှာ ဖြစ်ပြီး Plus Size မော်ဒယ် ပါလာနိုင်ပါတယ်။ ဒီဇိုင်းက လက်ရှိ iPad Air နဲ့ တူညီနိုင်ပါတယ်။

Current Magic Keyboard

တန်ဖိုးနည်း iPad ဟာ ၁၁ မြောက် မျိုးဆက် ဖြစ်ပြီး ဒီဇိုင်းက လက်ရှိ မော်ဒယ်နဲ့ တူညီနိုင်ပါတယ်။ ဒါပေမယ့် Chipset ကို အဆင့်မြှင့်ထားမှာပါ။

Apple က Magic Keyboard အသစ်ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး အဲဒီ Keyboard ရဲ့ သတင်းတွေ ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီ Keyboard ကြောင့် iPad ဟာ လက်ပ်တော့နဲ့ ပိုတူသွားမှာ ဖြစ်ပါတယ်။

အလူမီနမ်နဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး လက်ရှိ Magic Keyboard လို ပလတ်စတစ်နဲ့ တည်ဆောက်ထားမှာ မဟုတ်ပါဘူး။ Trackpad ဟာ ပိုကြီးလာပြီး Accelerometer အပါအဝင် ဆန်ဆာ အသစ်တချို့ ပါလာမှာပါ။ အဲဒီ Keyboard ကို iPad Pro တက်ဘလက် အသစ်တွေနဲ့အတူ ကြေညာမှာပါ။

Ref : gsmarena