Apple ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက iPhone 13 Series ဖုန်းတွေနဲ့အတူ iPad Mini ကိုပါ လုံးဝ Design ပိုင်းပြောင်းလဲပြီး မိတ်ဆက်ခဲ့ပါတယ်။ Design တင်ပြောင်းလဲခဲ့တာမဟုတ်ဘဲ Apple Pencil 2nd Gen Support ၊ Touch ID Fingerprint Sensor နဲ့ USB-C ကိုပါ အဆင့်မြှင့်တင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် iPad Mini အသစ်မှာ အဓိကအကောင်းဆုံးအဆင့်မြှင့်တင်မှုကတေ့ာ iPhone 13 Series ဖုန်းတွေအတိုင်းပဲ A15 Bionic Chip ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာ ယခင် iPad Mini 5 ထက် အများကြီးပိုကောင်းလာသလို Wi-Fi 6 နဲ့ 5G Support တွေလည်းပါဝင်မှာဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရတေ့ာ iPad Mini အသစ်မှာ A15 Bionic Chip ကို အသုံးပြုထားတယ်ဆိုပေမယ့် အမြန်နှုန်းပိုင်းမှာတော့ အားနည်းနေတယ်လို့ သိရပါတယ်။ iPhone 13 Series တွေမှာ အသုံးပြုထားတဲ့ A15 Bionic Chip ဟာ 3.2GHz နဲ့အလုပ်လုပ်နေပေမယ့် iPad Mini မှာတော့ 2.9GHz နဲ့ပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် iPad Mini ဟာ iPhone 13 ဖုန်းတွေနဲ့ ယှဥ်မယ်ဆိုရင် ၂ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ စွမ်းဆောင်ရည်ပိုင်းလျော့နည်းနေမှာဖြစ်ပါတယ်။ Benchmark Software တစ်ခုဖြစ်တဲ့ Geekbench 5 ရဲ့ ရမှတ်တွေအရလည်း iPad Mini ဟာ Single-core Score 1,595 နဲ့ Multi-core Score က 4,540 ရရှိနေပေမယ့် iPhone 13 Pro မှာတော့ Single-core Score 1,730 နဲ့ Multi-core Score က 4,660 အထိရှိနေမှာဖြစ်ပါတယ်။

ဘာကြောင့်အခုလိုမျိုး Apple က iPad Mini ကို စွမ်းဆောင်ရည်ပိုင်းမှာ လျော့ထားသလဲဆိုတာကိုတော့ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း အခုလိုမျိုးလျော့ထားတာက တကယ်တမ်းအသုံးပြုတဲ့အချိန်မှာ သိသာစေမှာမဟုတ်ဘဲ ယခင် iPad Mini 5 ထက်တော့ အများကြီးပိုမြန်ဆန်နေဦးမှာပါ။

Ref – Mac Rumors