Apple ဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှာ iPad Air (2020) ကို ကြေညာခဲ့ပေမယ့် မရောင်းပေးသေးပါဘူး။ အခုတော့ အဲဒီ တက်ဘလက်ကို Geekbench မှာ တွေ့လာရပြီ ဖြစ်ပြီး A14 Bionic Chipset အသစ်ရဲ့ စွမ်းဆောင်ရည်ကို လေ့လာလို့ရခဲ့ပါပြီ။

A14 CPU ဟာ Single-core စွမ်းရည် အရမ်း ကောင်းပြီး ၁၅၈၃ မှတ် ရထားပါတယ်။ iPhone 11 Pro ရဲ့ A13 ထက် ရမှတ်က ၁၈ ရာခိုင်နှုန်းပိုများပါတယ်။ နောက်နှစ်မှာ ထွက်မယ့် Snapdragon 875 Chipset ရဲ့ ၁၁၅၉ မှတ်နဲ့ Exynos 1000 ရဲ့  ၁၁၅၉ မှတ်ထက် အများကြီး သာနေတာတွေ့ရပါတယ်။

Multi-core စမ်းသပ်ချက်မှာ A14 ဟာ ၄၁၉၈ မှတ်ရထားပြီး iPhone 11 Pro ထက် ၂၀ ရာခိုင်နှုန်းလောက် ပိုများနေပါတယ်။ Snapdragon 875 Chipset က ၄၀၉၀ မှတ်နဲ့ Exynos 1000 က ၄၂၅၀ မှတ်ရထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ မှန်မယ်ဆိုရင်တော့ A14 Chipset ရဲ့ စွမ်းဆောင်ရည်ဟာ တော်တော်ကောင်းမှာပါ။

iPad Air 2019 မှာ iPhone XS ရဲ့ Chipset ကိုပဲ ထည့်သွင်းထားပြီး အဲဒီ ၂ လုံးရဲ့ Benchmark ရမှတ်တွေကလည်း ဆင်တူကြပါတယ်။ iPhone 12 တွေဟာလည်း ဒီလမ်းစဉ်အတိုင်းလိုက်လာနိုင်ပါတယ်။

ref : gsmarena