iPhone 14 Series ရဲ့ သတင်းတွေ စတင် ထွက်ပေါ်လာနေပြီ ဖြစ်ပြီး iPhone 14 Pro မှာ Punch Hole ၂ ခု ဒီဇိုင်းကို သုံထားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Pro မော်ဒယ်ရဲ့ CAD ဓါတ်ပုံတွေ ပေါက်ကြားလာပြီး အရှေ့နဲ့ အနောက်ဘက် ဒီဇိုင်းကို လေ့လာလို့ရခဲ့ပါတယ်။ အခုလည်း Pigtou က အဲဒီ ဖုန်းရဲ့ Concept ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။

iPhone 14 Pro

ဓါတ်ပုံတွေမှာ ဖုန်းရဲ့ ရှုထောင့်မျိုးစုံကို မြင်ရပြီး Punch Hole ၂ ခု ဒီဇိုင်းကို သုံးထားကာ  မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပါတယ်။ အနောက် ကင်မရာ ဒီဇိုင်းက iPhone 13 နဲ့ ဆင်တူပြီး Lenses များစွာ ထည့်သွင်းထားကာ အလယ်မှာ Apple Logo ပါပါတယ်။

Apple iPhone 14 Pro

ဘယ်ဘက်ခြမ်းမှာ အသံ ခလုတ်၊ Alert Slider နဲ့ SIM-card Tray တွေ တပ်ဆင်ထားပြီး ညာဘက်ခြမ်းမှာ ပါဝါ ခလုတ် ပါပါတယ်။ အောက်ခြေမှာ စပီကာ အပေါက်၊ Lightning Port နဲ့ မိုက်ကရိုဖုန်းတွေ ထည့်သွင်းထားပါတယ်။

Apple iPhone 14 Pro

အရင်က ပေါက်ကြားသတင်းတွေအရ iPhone 14 Pro မှာ 48MP Main ကင်မရာနဲ့ 8GB RAM ပါမယ်လို့ သိရပါတယ်။

iPhone 14 Series မှာ ရိုးရိုး မော်ဒယ် ၂ လုံးနဲ့ Pro မော်ဒယ် ၂ လုံး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Pro မော်ဒယ်တွေမှာပဲ Punch Hole ၂ ခု ဒီဇိုင်းကို သုံးထားမှာ ဖြစ်ကာ ရိုးရိုး မော်ဒယ်တွေမှာ Notch ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

Apple ဟာ iPhone 14 Series ကို စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလမှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina