Xiaomi က 12 Series အတွက် စမတ်ဖုန်း ၃ လုံးကို မိတ်ဆက်ပြီးပြီ ဖြစ်ပေမယ့် ဒါနဲ့တင် မကျေနပ်သေးဘဲ စွမ်းရည် အမြင့်ဆုံး ဖြစ်တဲ့ Xiaomi 12 Ultra ကို ချပြဖို့ စီစဉ်နေပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ ဒီဇိုင်းတွေ အရင်က များစွာ ပေါက်ကြားခဲ့ဖူးပြီး အနောက်ဘက် ကင်မရာ ၄ လုံးကို စက်ဝိုင်းပုံ  အကွက်ထဲမှာ ထည့်သွင်းထားပါတယ်။ အခု နောက်ဆုံး Digital Chat Station က ထွက်လာတဲ့ ဓါတ်ပုံတွေမှာလည်း အနောက်ဘက် ဒီဇိုင်းကို ထပ်မံလေ့လာလို့ရလာပါတယ်။

New leak reveals Xiaomi 12 Ultra will bring new Sony sensor; confirms rear  design - GSMArena.com news

Digital Chat Station က Xiaomi 12 Ultra ရဲ့ အနောက်ဘက်ကို ပြသထားတဲ့ ဓါတ်ပုံ ၂ ပုံကို မျှဝေထားပြီး အရောင်တွေက အနက်နဲ့ အဖြူ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Sony ရဲ့ IMX8xx ကင်မရာ ဆန်ဆာ အသစ်ကို မိတ်ဆက်ထားမယ်လို့ ပြောပါတယ်။

New leak reveals Xiaomi 12 Ultra will bring new Sony sensor; confirms rear  design - GSMArena.com news

အရင်ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ Xiaomi 12 Ultra မှာ  တူညီတဲ့ 50MP Main + 48MP 5x Telephoto + 48MP Ultrawide-angle ကင်မရာတွေ ထည့်သွင်းထားမှာ ဖြစ်ပေမယ့် Main Lens ရဲ့  ဆန်ဆာက ကွဲပြားမှာ ဖြစ်ပါတယ်။

မကြာခင်ကလည်း Digital Chat Station က Xiaomi 12 Ultra ဟာ Snapdragon 8 Gen 1+ Chipset အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမယ်လို့ သတင်းပေးခဲ့ပါတယ်။ အဲဒီ Chipset ဟာ လက်ရှိ ထွက်ထားတဲ့ Snapdragon 8 Gen 1 ထက် စွမ်းရည် ပိုမြင့်မားနိုင်ပါတယ်။ Xiaomi က 12 Series ကို နိုင်ငံတကာမှာ ကြေညာမယ့် အချိန်နဲ့ ပတ်သက်ပြီး ဘာမှမပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။

Ref : gsmarena