Samsung ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကမှ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy Note 20 Series ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတေ့ာ လာမယ့်နှစ်အစောပိုင်းမှာ မိတ်ဆက်လာမယ့် Galaxy S21 နဲ့ ပတ်သက်ပြီးသတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါသတင်းကတော့ လာမယ့် Galaxy S21 စမတ်ဖုန်းမှာ လက်ရှိ Flagship ဖုန်းတွေမှာပါဝင်ခြင်းမရှိတော့တဲ့ 3.5mm Audio Jack ကို ပြန်လည်ထည့်သွင်းသွားမယ်လို့ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ယခုသတင်းကို Tipster တစ်ဦးဖြစ်တဲ့ “@MauriQHD” ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ Galaxy Note 10 Series ဖုန်းတွေမှာစတင်ပြီးတော့ 3.5mm Audio Jack ကို ဖြုတ်ချခဲ့တာဖြစ်ပြီးတော့ ဖုန်းရဲ့ ဘူးထဲမှာပါဝင်တဲ့ AKG Earbuds တွေကိုပါ USB-C အနေနဲ့ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Galaxy Buds ၊ Buds+ နဲ့ လက်ရှိနောက်ဆုံးမှာ Galaxy Buds Live Earbuds တွေကိုပါ Flagship ဖုန်းတွေနဲ့အတူ မိတ်ဆက်ရောင်းချခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ Samsung တင်မဟုတ်ဘဲ တခြားသော Brand တွေကနေ ထုတ်လုပ်ထားတဲ့ Flagship ဖုန်းအကုန်လုံးနီးပါးမှာ 3.5mm Audio Jack ပါဝင်ခြင်းမရှိတော့ဘဲ Bluetooth Earbuds တွေကို ကူးပြောင်းနေပြီဖြစ်ပါတယ်။ လောလောဆယ်မှာ 3.5mm Audio Jack ပါဝင်တဲ့ Flagship ဖုန်းအနေနဲ့ဆိုရင် Sony Xperia 1 II ပဲရှိနေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ တကယ်ကို Galaxy S21 စမတ်ဖုန်းတွေမှာ 3.5mm Audio Jack ထည့်သွင်းလာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Notebook Check