Samsung ရဲ့ ပဲတောင့် ပုံစံ Galaxy Buds Live ရဲ့ သတင်းတွေ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ထွက်ပေါ်လာခဲ့ပြီး အဓိက Specs တွေကို သိခဲ့ရပါတယ်။ အဲဒီ နားကြပ်ကို Galaxy Note20 Series , Z Fold 2, Tab S7 Series ,  Galaxy Watch 3 တို့နဲ့အတူ ဩဂုတ်လ ၅ ရက်နေ့မှာ ကျင်းပမယ့် Galaxy Unpacked Event မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

အခုတော့ Samsung Galaxy Wearable App ရဲ့ Update မှာ Galaxy Buds Live ရဲ့ သတင်းအချက်အလက်တွေကို တွေ့လာရပြီး အဲဒီ TWS နားကြပ်မှာ Active Noise Cancellation (ANC) ပါလာမှာ သေချာသွားပါပြီ။ ANC ကို App ကနေ အဖွင့် ၊ အပိတ် ပြုလုပ်နိုင်ပါတယ်။

Galaxy Buds Live မှာ Software Customization Options တွေ ပါလာမှာ ဖြစ်ပြီး အဲဒီထဲမှာ Sound Equalizer ကို ချိန်ညှိတာ၊ Touch Control Options နဲ့ Find My Earbuds လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ Galaxy Buds Live  ဝတ်ဆင်ပုံ နည်းလမ်းကိုလည်း ရှင်းလင်းပြသထားပါတယ်။

Ref : gsmarena