ဒီနေ့ခေတ် Mid-range စမတ်ဖုန်းတွေရဲ့ အပြောင်းအလဲဟာ အတော်လေးကို မြန်တယ်လို့ ပြောရပါမယ်။ လက်ရှိထွက်လာတဲ့သတင်းအရတော့ OPPO ဟာ ပြီးခဲ့တဲ့ လအနည်းငယ်က ဖြန့်ချိခဲ့တဲ့ A52 နေရာဆက်ခံဖို့ A53 ကို အစောကတည်းက လုပ်ဆောင်နှင့်ပြီးပြီလို့ သိရပါတယ်။

ပြောစရာဖြစ်တဲ့အချက်တစ်ချက်ကတော့ OPPO A53 ဆိုတဲ့နာမည်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတုန်းက မိတ်ဆက်ဖြန့်ချိခဲ့တဲ့ စမတ်ဖုန်းရဲ့ နာမည်ဖြစ်နေတာပါပဲ။ အချိန်ကာလ ၅ နှစ်လောက်ကြာသွားပြီးဖြစ်တဲ့အတွက် OPPO အနေနဲ့ ဒီနာမည်ကိုပဲ ပြန်လည်သုံးစွဲတာဟာ ရှုပ်ထွေးမှုမရှိနိုင်ဘူးလို့ ယူဆထားပုံရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၀ ရဲ့ OPPO A53 နဲ့ပတ်သက်တဲ့ Spec တွေလည်း ပေါက်ကြားထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ သတင်းအရ OPPO A53 ဟာ 6.53-inch 90Hz LCD touchscreen မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Snapdragon 460 chipset ကို အသုံးပြုထားပြီး 4/6GB of RAM နဲ့ တွဲဖက်ပေးထားပါတယ်။

RAM နဲ့ Storage အတွဲအဖက်က နှစ်မျိုးရှိပါတယ်။ 4GB RAM, 64GB Storage အမျိုးအစားနဲ့ 6GB RAM, 128GB Storage တို့ ဖြစ်ပါတယ်။ 5,000mAh ဘက်ထရီ တပ်ဆင်ပေးထားပြီး 18W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားပါသေးတယ်။ အရှေ့ဘက်မျက်နှာပြင်မှာတော့ Punch-hole နဲ့အတူ 16MP selfie ကင်မရာ တစ်လုံး တပ်ဆင်ထားပါတယ်။ ကျောဘက်မှာတော့ 13MP အဓိက ကင်မရာနဲ့အတူ၊ 2MP macro, 2MP depth sensor တို့ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

Ref: GSM Arena