OPPO က K12x 5G ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး ဒီဇိုင်းက OPPO K12 နဲ့ တူညီပါတယ်။ ဖုန်း အသစ်မှာ Mediatek Chipset နဲ့ ကင်မရာ အသစ်တွေကို အသုံးပြုထားပြီး MIL-STD-810H စံနှုန်း ရထားတဲ့အတွက် ပိုမို ကြံ့ခိုင်မာကျောပါတယ်။

New Oppo K12x arrives in India with military-grade body

OPPO K12x မှာ 6.67” LCD HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ OPPO က Splash Touch နည်းပညာကို အသုံးပြုထားပြီး ဖုန်း မျက်နှာပြင် ရေစိုနေတဲ့အချိန်၊ လက်မှာ ရေစိုနေတဲ့ အချိန်တွေမှာ အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။

New Oppo K12x arrives in India with military-grade body

Mediatek Dimensity 6300 Chipset မောင်းနှင်ထားပြီး 6/128GB နဲ့ 8/256GB Version တွေ ထုတ်လုပ်ထားပါတယ်။ 1TB microSD Card စိုက်နိုင်ပါတယ်။

IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး စစ်တပ်အဆင့် အကြမ်းခံ စွမ်းရည်ကို  OPPO က စမ်းသပ်ထားပါတယ်။ အမြင့် ၁.၄ မီတာ ကနေ ပြုတ်ကျတာကို ခံနိင်ပါတယ်။ 45W SuperVOOC Charging ထောက်ပံ့တဲ့ 5,100mAh Battery ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 32MP Main ၊ 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Android 14 အခြေပြု ColorOS 14 မောင်းနှင်ထားပါတယ်။ Breeze Blue နဲ့ Midnight Violet အရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB နဲ့ 8/256GB Version ကို ၁၅၅ ဒေါ်လာနဲ့ ၁၉၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

Ref : gsmarena