OPPO ကနေ ပြီးခဲ့တဲ့လအစောပိုင်းတုန်းက International Version အနေနဲ့ မိတ်ဆက်မယ့် OPPO Watch ရဲ့ Specification တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ OPPO Watch International Version ဟာ Chinese Version OPPO Watch နဲ့ အပြင်ပန်းတူညီပေမယ့် အတွင်းဘက်ပိုင်းမှာတေ့ာ ကွာခြားနေမှာဖြစ်ပါတယ်။

Global OPPO Watch မှာ အဓိက Chipset အနေနဲ့တော့ WearOS အတွက် Qualcomm Snapdragon 3100 Chipset ကိုအသုံးပြုထားပြီးတော့ Low Power Mode အတွက် Ambiq Micro Apollo 3 Co-processor လည်းပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Google ရဲ့ WearOS ကို အသုံးပြုထားမှာဖြစ်ပါတယ်။

OPPO Watch ကို အရွယ်အစားအနေနဲ့ကတော့ 46mm နဲ့ 41mm ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 46mm Version မှာတော့ 1.91″ AMOLED Display နဲ့ 41mm Version မှာတော့ 1.6: OLED Display ပါဝင်မှာဖြစ်ပါတယ်။

OPPO Watch ဟာ ကိုယ်ထည်ကို 6000-series Aluminum Alloy နဲ့ပြုလုပ်ထားပြီး နောက်ဖက်ပိုင်းကိုတော့ 46mm Version မှာ Plastic နဲ့ Ceramic ကိုယ်ထည်၊ 41mm Version မှာတော့ Plastic ကိုယ်ထည်ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

OPPO Watch ဟာ ပုံမှန်အခြေအနေမှာ WearOS ကို အသုံးပြုမှာဖြစ်ပြီး Google Play ၊ G Pay နဲ့ OK Google Support ရရှိမှာဖြစ်ပါတယ်။ ဒါမှမဟုတ် Power Saving Mode အနေနဲ့ သီးသန့်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Battery အနေနဲ့ကတော့ WearOS ကို အသုံးပြုထားတဲ့ Smart Mode မှာ ၂၄ နာရီကနေ ၃၆ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပြီး Power Saver Mode အနေနဲ့ကတော့ ၁၄ ရက်ကနေ ၂၁ ရက်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

OPP Watch ဟာ ပုံမှန်အားဖြင့် Wi-Fi Version အနေနဲ့ပဲထွက်ရှိမှာဖြစ်ပြီး 46mm Version မှာတော့ LTE Version ကိုပါ ရရှိနိုင်မယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ €249 (မြန်မာငွေ ၄ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena