OnePlus က ၂၀၁၉ ထုတ် ဖုန်းတွေ ဖြစ်တဲ့ OnePlus 7 , 7 Pro နဲ့ 7T Pro အတွက် Software Update ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြန့်ချိပေးခဲ့ပါတယ်။ 7T အတွက် မပါလာခဲ့ပါဘူး။ အခုတော့ 7T အတွက် OxygenOS 10.0.8 ကို Global နဲ့ OxygenOS 10.3.1 ကို အိန္ဒိယအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ Update မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွက် Security Patch ပါလာပါတယ်။

Changelog အရ Update မှာ RAM စီမံခန့်ခွဲမှု ပိုကောင်းလာပြီး Privacy Alerts အတွက် Reminder ပြသပေးတဲ့ လုပ်ဆောင်ချက် အသစ် ၁ ခု ပါလာပါတယ်။ Bug တွေကို ပြင်ဆင်ထားပြီး System တည်ငြိမ်မှု ပိုကောင်းလာပါတယ်။ App တချို့မှ Black/Blank Screen ပြဿနာကို ဖြေရှင်းပေးထားပါတယ်။

အိန္ဒိယ အတွက် သီးသန့်လုပ်ပေးထားတဲ့ လုပ်ဆောင်ချက်တွေလည်း ပါလာပါတယ်။ Jio Customers အတွက် VoWiFi Registration နဲ့ Notes အတွက် Sync Support တွေ ထည့်သွင်းထားပါတယ်။ Cloud Service အတွက် Contacts တွေ သုံးလို့ရလာပါတယ်။ Work Life Balance လုပ်ဆောင်ချက်ရဲ့ Message Notifications တွေ ပိုကောင်းလာပြီး Mode ,  App Selection , Location , Calendar နဲ့ Auto-track Function တွေ ပါလာပါတယ်။

လက်ရှိမှာ Update ကို Device အနည်းငယ်မှာပဲရပါသေးတယ်။ Bug တွေ မရှိဘူးဆိုရင် လာမယ့် ရက်ပိုင်းအတွင်းမှာ တိုးချဲ့ဖြန့်ချိမှာပါ။

Ref : gsmarena