မတ်လမှာ ကြေညာခဲ့တဲ့ Redmi K30 Pro အတွက် အရောင် ၄ မျိုး ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ Redmi က အရောင် အသစ်ကို ကြေညာမယ်လို့ ဝီဘိုကနေ Teaser ၁ ခုနဲ့ သတင်းပေးလိုက်ပါတယ်။ ကုမ္ပဏီက အဲဒီ အရောင်ကို မပြောသေးပေမယ့် Mi.com မှာ စာရင်းတင်ထားပါတယ်။

Teaser မှာ Redmi က အရောင်အသစ်ဟာ ပင်လယ်ကမ်းခြေက ရေ၊ သဲနဲ့ လေပြေလေညှင်းတို့ကို အခြေပြု ဖန်တီးထားတယ်လို့ ပြောပါတယ်။ ဓါတ်ပုံမှာ ပင်လယ်ရေ အပြာရောင်၊ သဲသောင်ပြင်ရဲ့ အညိုရောင်တွေ ပေါင်းစပ်ထားတာ မြင်ရပြီး Xiaomi Website က စာသားကို ဘာသာပြန်ကြည့်တဲ့အခါ Aqua Skylight အရောင်လို့ သိရပါတယ်။  အရောင် အသစ်အတွက် 8/128GB , 12/128GB နဲ့ 8/256GB ၃ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Redmi က 6/128GB မထုတ်ထားပါဘူး။ Redmi K30 Pro Aqua Skylight ကို မကြာခင် ရောင်းပေးတော့မှာပါ။

Redmi K30 Pro မှာ ၆.၆၇ လက်မ Super AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး Pop Up ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါပါတယ်။ Snapdragon 865 SoC မောင်းနှင်ထားပြီး 30W Fast Charging ထောက်ပံ့တဲ့ 4,700mAh ဘက်ထရီ ထည့်ထားပါတယ်။

အနောက်ဘက်မှာ 64MP Main , 5MP Telephoto , 13MP Ultrawide နဲ့ 2MP Depth ကင်မရာ ၄ လုံးနဲ့ 20MP Pop Up ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါပါတယ်။ IR blaster, NFC , Audio Jack နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။

Ref : gizmochina