Xiaomi ကနေ လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ India နိုင်ငံမှာ Product အသစ်တွေအများအပြားကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။ အဆိုပါ Product တွေထဲမှာ Mi Watch Resolve ၊ Mi Smart Band 5 နဲ့ တခြားသော Product မျိုးစုံပါဝင်လာဖွယ်ရှိပါတယ်။

အခုလည်း Xiaomi India ရဲ့ CEO ဖြစ်တဲ့ Manu Kumar Jain ကနေ Twitter စာမျက်နှာကနေတစ်ဆင့် Redmi အနေနဲ့လည်း Audio Product အသစ်တွေကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။

အဆိုပါ Redmi Audio Product အသစ်တွေဟာ Redmi Beat Drop ဆိုတဲ့နာမည်နဲ့ ကြော်ငြာနေတာဖြစ်ပြီး TWS Earbuds နဲ့ Wired Earphone အသစ် ၁ မျိုးစီကို မိတ်ဆက်လာနိုင်ပါတယ်။ Redmi AirDots ဟာ မနှစ်တုန်းကတော့ အအောင်မြင်ဆုံး Budget TWS ဖြစ်ခဲ့သလိုပဲ အခုလည်း Redmi AirDots ရဲ့ Next Generation TWS Earbuds ကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Redmi Audio Product အသစ်တွေရဲ့ Design ပိုင်းနဲ့ Specification ပိုင်းတွေကိုတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး။ ဖြစ်နိုင်တာကတော့ Beat Drop လို့ ခေါင်းစဥ်တပ်ထားတဲ့အတွက် Bass ပိုင်းကို ပိုပြီး အာရုံစိုက်လာနိုင်ပါတယ်။

Ref – Gizmo China