ဒီေန႔မွာေတာ့ Apple ရဲ႕ တစ္ႏွစ္အတြင္းမွာ ဒုတိယေျမာက္ Event ၾကီးကို ျမင္ေတြ႕ရေတာ့မွာ ျဖစ္ျပီး အားလပ္ရက္ရာသီ နီးကပ္လာတဲ့အတြက္ iPad ထုတ္ကုန္အသစ္ေတြကို ျမင္ရဖုိ႔၊ ပုိျပီး အေသးစိတ္ ေျပာရရင္ေတာ့ iPad Pro အသစ္ကို အရြယ္အစားႏွစ္မ်ဳိးနဲ႔ ထြက္လာမယ္ဆုိတဲ့ သတင္းေတြလည္း ပ်ံ႕ႏွံ႔ေနပါျပီ။ MacBook Air အသစ္နဲ႔ AirPod အသစ္ေတြလည္း ပါမယ္ဆိုျပီးေတာ့ေပါ့။
ျပီးခဲ့တဲ့ စက္တင္ဘာတုန္းကလည္း ေပါက္ၾကားခဲ့တဲ့ Render ပုံၾကမ္းေတြထဲမွာ အင္မတန္ေသးတဲ့ ေဘးေဘာင္ Bezel နဲ႔ FaceID အသားေပးဒီဇုိင္းကို ေတြ႕ခဲ့ရျပီး အခုတခါ iOS ရင္းျမစ္ကေန ထြက္လာတဲ့ ပုံအရ Apple ဟာ သတင္းထြက္ေနတဲ့အတုိင္း Touch ID ကို လက္လႊတ္လိုက္ျပီး ေသးငယ္တဲ့ ေဘးေဘာင္နဲ႔ FaceID သီးသန္႔ဦးစားေပး ကုိယ္ထည္ကို ထုတ္လုပ္လာမယ္လို႔ ေတြ႕ရပါတယ္။ ဒါဟာ သူ႕ရဲ႕ iPhone X စီးရီး စမတ္ဖုန္းေတြ အတုိင္းပါပဲ။
အဆုိပါပုံရိပ္မွာ အေပၚေထာင့္မွာ ပါဝါခလုတ္ကို ျမင္ေတြ႕ရျပီး ညာဘက္အေပၚေထာင့္မွာပဲ Volume Key ေတြကို ေတြ႕ရပါတယ္။ Slider Key ကိုေတာ့ မျမင္ရေပမယ့္ ဒီပုံရိပ္ဟာ တကယ့္စက္ပစၥည္းရဲ႕ Icon သာ ျဖစ္တဲ့အတြက္ Detail အရမ္းက်က် ဆြဲထားတာ မဟုတ္ဘူးဆုိတာ သတိခ်ပ္ရမွာပါ။ ဒါ့အျပင္ အသစ္ထြက္လာတဲ့ ပုံရိပ္ထဲမွာ ေဘးေဘာင္ Bezel ဟာ အရင္ပုံထက္ေတာ့ ထူထဲေနတာကို ျမင္ေတြ႕ရတယ္။
၂၀၁၈ အတြက္ ဒုတိယေျမာက္ Apple ထုတ္ကုန္သစ္ မိတ္ဆက္ပြဲ Event ကေတာ့ နယူးေယာက္ျမိဳ႕၊ ဘရုတ္ကလင္းရပ္မွာ ေဒသစံေတာ္ခ်ိန္ မနက္ဆယ္နာရီ၌ စတင္သြားမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ iPad ခ်စ္သူေတြအေနနဲ႔ ေစာင့္ျပီးၾကည့္ရႈႏုိင္ၾကမွာပါ။
Ref – GSM Arena
Unicode
ဒီနေ့မှာတော့ Apple ရဲ့ တစ်နှစ်အတွင်းမှာ ဒုတိယမြောက် Event ကြီးကို မြင်တွေ့ရတော့မှာ ဖြစ်ပြီး အားလပ်ရက်ရာသီ နီးကပ်လာတဲ့အတွက် iPad ထုတ်ကုန်အသစ်တွေကို မြင်ရဖို့၊ ပိုပြီး အသေးစိတ် ပြောရရင်တော့ iPad Pro အသစ်ကို အရွယ်အစားနှစ်မျိုးနဲ့ ထွက်လာမယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့နေပါပြီ။ MacBook Air အသစ်နဲ့ AirPod အသစ်တွေလည်း ပါမယ်ဆိုပြီးတော့ပေါ့။
ပြီးခဲ့တဲ့ စက်တင်ဘာတုန်းကလည်း ပေါက်ကြားခဲ့တဲ့ Render ပုံကြမ်းတွေထဲမှာ အင်မတန်သေးတဲ့ ဘေးဘောင် Bezel နဲ့ FaceID အသားပေးဒီဇိုင်းကို တွေ့ခဲ့ရပြီး အခုတခါ iOS ရင်းမြစ်ကနေ ထွက်လာတဲ့ ပုံအရ Apple ဟာ သတင်းထွက်နေတဲ့အတိုင်း Touch ID ကို လက်လွှတ်လိုက်ပြီး သေးငယ်တဲ့ ဘေးဘောင်နဲ့ FaceID သီးသန့်ဦးစားပေး ကိုယ်ထည်ကို ထုတ်လုပ်လာမယ်လို့ တွေ့ရပါတယ်။ ဒါဟာ သူ့ရဲ့ iPhone X စီးရီး စမတ်ဖုန်းတွေ အတိုင်းပါပဲ။
အဆိုပါပုံရိပ်မှာ အပေါ်ထောင့်မှာ ပါဝါခလုတ်ကို မြင်တွေ့ရပြီး ညာဘက်အပေါ်ထောင့်မှာပဲ Volume Key တွေကို တွေ့ရပါတယ်။ Slider Key ကိုတော့ မမြင်ရပေမယ့် ဒီပုံရိပ်ဟာ တကယ့်စက်ပစ္စည်းရဲ့ Icon သာ ဖြစ်တဲ့အတွက် Detail အရမ်းကျကျ ဆွဲထားတာ မဟုတ်ဘူးဆိုတာ သတိချပ်ရမှာပါ။ ဒါ့အပြင် အသစ်ထွက်လာတဲ့ ပုံရိပ်ထဲမှာ ဘေးဘောင် Bezel ဟာ အရင်ပုံထက်တော့ ထူထဲနေတာကို မြင်တွေ့ရတယ်။
၂၀၁၈ အတွက် ဒုတိယမြောက် Apple ထုတ်ကုန်သစ် မိတ်ဆက်ပွဲ Event ကတော့ နယူးယောက်မြို့၊ ဘရုတ်ကလင်းရပ်မှာ ဒေသစံတော်ချိန် မနက်ဆယ်နာရီ၌ စတင်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် iPad ချစ်သူတွေအနေနဲ့ စောင့်ပြီးကြည့်ရှုနိုင်ကြမှာပါ။
Ref – GSM Arena