Samsung ဟာ ယခုနှစ် Galaxy S24 Series ဖုန်းတွေမှာ စတင်ပြီး Galaxy S24 Ultra ကလွဲပြီး Galaxy S24 နဲ့ S24+ ဖုန်းတွေမှာ Exynos 2400 Chipset ကို အသုံးပြုလာခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အစောပိုင်းသတင်းတွေအရ လာမယ့် ၂၀၂၅ ခုနှစ်မှာ Galaxy S25 Series ဖုန်းတွေအားလုံးမှာ Exynos 2500 Chipset တစ်မျိုးတည်းကိုပဲ အသုံးပြုဖို့အထိ စီစဥ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် အခု DigiTimes ကနေ ထပ်မံဖော်ပြခဲ့တဲ့သတင်းအရ Samsung ဟာ Galaxy S25 Series ဖုန်းတွေမှာ Exynos 2500 Chipset ကိုပဲ အသုံးပြုမယ်ဆိုတာက မှားယွင်းတယ်လို့ သိရပါတယ်။ DigiTimes ရဲ့ ဖော်ပြချက်အရ Samsung ဟာ Galaxy S25 Series မှာလည်း Exynos 2500 Chipset နဲ့ Qualcomm Snapdragon 8 Gen 4 Chipset ကို တွဲဖက်အသုံးပြုသွားမှာဖြစ်ပါတယ်။

အခုလိုမျိုး Chipset ၂ မျိုးအသုံးပြုမှာဖြစ်ပေမယ့် ဘယ်လိုမျိုးခွဲခြားထားမလဲဆိုတာကိုတော့ DigiTimes က ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် ယခုနှစ်လိုမျိုးပဲ Galaxy S25 Ultra မှာ Snapdragon Chipset နဲ့ ကျန်တဲ့ S25 Series ဖုန်းတွေမှာ Exynos Chipset ကို အသုံးပြုလာနိုင်ပါတယ်။

Samsung ဟာ Galaxy S Series ဖုန်းတွေမှာ Exynos နဲ့ Snapdragon Chipset ၂ မျိုးစလုံးအသုံးပြုနေပေမယ့် Foldable ဖုန်းတွေမှာတော့ Snapdragon Chipset တစ်မျိုးတည်းကိုပဲ အသုံးပြုသွားမှာဖြစ်ပါတယ်။ လာမယ့် ၂၀၂၄ နှစ်ဝက်ပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Galaxy Z Fold6 နဲ့ Galaxy Z Flip6 ဖုန်းတွေဆိုရင်လည်း Qualcomm Snapdragon 8 Gen 3 Chipset ပါဝင်လာမှာပါ။

ဘာပဲဖြစ်ဖြစ် Samsung က တဖြည်းဖြည်းနဲ့ Exynos Chipset တွေကို အသုံးပြုလာပြီဖြစ်သလို စွမ်းဆောင်ရည်ပိုင်းမှာလည်း ယခင်ထက်ပိုမိုကောင်းမွန်လာတာကတော့ ငြင်းမရပါဘူး။

Ref – GSM Arena