iSeeCars ရဲ့ သုတေသန စစ်တမ်းအရ Tesla ဟာ အမေရိကန်မှာ လူသေမှုအများဆုံး မတော်တဆမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၇ နဲ့ ၂၀၂၂ ခုနှစ်အတွင်း ဒေတာတွေကို စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပြီး Model S နဲ့ Model Y ဟာ အန္တရာယ် အရှိဆုံး ကားမော်ဒယ်တွေ ဖြစ်ပါတယ်။ Model S ဟာ ပျမ်းမျှ ကားတွေထက် ကားတိုက်မှု ၃.၇ ဆ ၊ ပျမ်းမျှ SUV ကားတွေထက် ၄.၈ ဆ ပိုများပါတယ်။
Autopilot နဲ့ Full Self Driving လို Tesla ရဲ့ အဆင့်မြင့် ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်တွေ ပါပေမယ့်လည်း စစ်တမ်း အရ လူသေဆုံးမှု ပိုများပါတယ်။ Tesla ဟာ ၁ ဘီလီယမ် မိုင်မှာ ကားတိုက်မှု ၅.၆ ကြိမ်ဖြစ်ပါတယ်။ Kia လို တခြား Brand တွေဟာ ၅.၅ ကြိမ်ပဲ ဖြစ်ပါတယ်။ တချို့က အဲဒီ အဆင့်မြင့် ဘေးကင်းလုံခြုံရေး စနစ်တွေကြောင့် ယာဉ်မောင်းတွေဟာ လုံခြုံတယ်လို့ ထင်ပြီး လူ ထိန်းချုပ်ရမယ့် အချိန်မှာ မပြုလုပ်လို့ အခုလို ဖြစ်တာလို့ ထောက်ပြကြပါတယ်။
စစ်တမ်းအရ ခေတ်ပေါ်ကားတွေဟာ Crash Test မှာ စွမ်းဆောင်ရည် ကောင်းပေမယ့်လည်း ယာဉ်မောင်းရဲ့ အပြုအမူနဲ့ လမ်း အခြေအနေဟာ လူသေဆုံးမှုမြင့်မားတာနဲ့ သက်ဆိုင်တယ်လို့ သိရပါတယ်။
Tesla ဟာ လျှပ်စစ်ကား နယ်ပယ်မှာ ရှေ့တန်းက ဦးဆောင်ခဲ့ပေမယ့် အခု စစ်တမ်းကြောင့် အရှက်ရစရာ ဖြစ်လာခဲ့ပါတယ်။ Tesla က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို တုန့်ပြန်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။