Samsung Galaxy A21s ကို မေလက ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ 6/128GB Version အသစ်ကို ရောင်းချပေးလိုက်ပါတယ်။ ၁၇,၄၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းလောက် ရှိပါတယ်။ တခြား Specs တွေက မူလမော်ဒယ်နဲ့ တူညီပြီး ၆.၅ လက်မ 1600x720p မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Samsung Exynos 850 Chipset မောင်းနှင်ထားပြီး အနောက်ကင်မရာ ၄ လုံးက 48MP Main , 8MP Wide-angle , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။

ဆဲလ်ဖီး ကင်မရာကတော့ 13MP ဖြစ်ပါတယ်။ အနက်၊ အဖြူ၊ အပြာနဲ့ အနီရောင်တွေ ရွေးချယ်နိုင်ပြီး ဘက်ထရီကတော့ တော်တော် အရွယ်ကြီးတဲ့ 5,000mAh ထည့်ပေးထားပါတယ်။ 15W Charging ထောက်ပံ့ထားပြီး တန်ဖိုးနည်း စမတ်ဖုန်း လိုချင်သူတွေအတွက် ရွေးချယ်စရာ ဖြစ်ပါတယ်။

Samsung Galaxy A21s ရဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

New Samsung Galaxy A21s Key Features

5-inch (720×1600 pixels) HD+ Infinity-O display

Exynos 850 octa-core (2GHz Quad + 2GHz Quad) processor

128GB internal storage, Micro SD slot (Up to 512GB)

Android 10 with OneUI 2.0

48MP (f/2.0 primary) + 8MP (f/2.2 ultra-wide) + 2MP ( f/ 2.4 depth) + 2MP (f/2.4 macro)

13MP (f/2.2) front camera

Rear Fingerprint sensor, Face Recognition

4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5.0, GPS + GLONASS, USB Type-C

5,000mAh (typical) battery with 15W Fast Charging

Ref : gsmarena