Vivo က ၄.၇ လက်မ မျက်နှာပြင်နဲ့ အနောက်ကင်မရာ ၁ လုံးထဲ ပါတဲ့ Y31 ကို ၂၀၁၅ ခုနှစ်က ကြေညာခဲ့ပြီး အခုတော့ Y31 (2021) ကို ချပြလိုက်ပါတယ်။ Y31 (2021) မှာ Snapdragon 662 SoC , Android 11 အခြေပြု Funtouch OS 11 , 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားသလို 1TB microSD Card လည်း စိုက်နိုင်ပါတယ်။

New vivo Y31 announced with Snapdragon 662, 48MP triple camera, and 5,000 mAh battery

၆.၅၈ လက်မ FullHD+ LCD မျက်နှာပြင် ပါလာပြီး အရွယ်သေး Notch မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 2MP Depth နဲ့ 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး နောက်ဆုံး ၁ လုံးက ၄ စင်တီမီတာ အကွာအဝေးအထိ အနီးကပ်ရိုက်နိုင်ပါတယ်။

Ultra Stable ဗီဒီယို လုပ်ဆောင်ချက်က Electronic Image Stabilization (EIS) နဲ့ Super Night Mode ကို ပေါင်းစပ်ကာ ဓါတ်ပုံတွေက Noise ကို လျှော့ချပေးနိုင်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 18W Charging ပါလာပါတယ်။ Reverse Charging ထည့်ထားတဲ့အတွက် တခြား ဖုန်းတွေကို အားသွင်းပေးနိုင်ပြီး USB-C Port နဲ့ နားကြပ်ပေါက် တပ်ဆင်ထားပါတယ်။

Y31 (2021) အတွက် Racing Black နဲ့ Ocean Blue ၂ ရောင်ထုတ်လုပ်ထားပြီး ၁၆,၄၉၀ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်းလောက် ကျသင့်ပြီး Vivo ရဲ့ အွန်လိုင်းစတိုး၊ Amazon.in ၊ Flipkart ၊ Paytm နဲ့ တခြား စတိုးတွေကနေ ရောင်းပေးထားပါတယ်။

Ref : gsmarena