Google ရဲ့ Online Game Streaming Service ဖြစ်တဲ့ Google Stadia ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စတင်မိတ်ဆက်တုန်းက Google Pixel ဖုန်းတွေအတွက်ပဲ Exclusive အနေနဲ့ ဆော့ကစားနိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကမှ Samsung Flagship ဖုန်းတွေနဲ့ Gaming ဖုန်းအချို့အတွက်ထုတ်ပေးခဲ့တာပါ။

အခုလည်း လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရ Google ဟာ ASUS နဲ့ ပူးပေါင်းပြီးတော့ လာမယ့် ROG Phone အသစ်မှာ Google Stadia ကို တပါတည်းထည့်သွင်းသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ASUS ROG Phone နဲ့ ROG Phone 2 တွေကလည်း လက်ရှိအချိန်မှာ Stadia ကို ဆော့ကစားနိုင်ပြီဖြစ်ပေမယ့် ဒီလိုမျိုး Bundled ပါဝင်လာတာက Mobile Gamer တွေအနေနဲ့ Android Game တွေတင်မဟုတ်ဘဲ AAA Title Game တွေကိုပါ ROG Phone အသစ်နဲ့ ဆော့ကစားဖို့ ပိုပြီးလွယ်ကူသွားပါပြီ။

ဒါပေမယ့်လည်း ဒီလိုမျိုး Google Stadia ကို Bundled ထည့်သွင်းလာမယ်ဆိုပေမယ့် App အနေနဲ့ပဲထည့်သွင်းပေးမှာလား၊ Google Stadia Pro ကို အချိန်အကန့်အသတ်နဲ့ပါ Exclusive ရနိုင်မလားဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ နောက်ထပ်တစ်ခုက Google Stadia ကို လက်ရှိအချိန်မှာ ဆော့ကစားနိုင်တဲ့နိုင်ငံတွေလည်း နည်းပါးနေသေးတဲ့အတွက် Stadia Support ဖြစ်တဲ့ နိုင်ငံတွေအတွက်ပဲ အသုံးဝင်နိုင်ခြေရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Google Stadia ဟာ ယခုနှစ်အတွင်းမှာ Game ပေါင်း ၁၀၀ ကျော်ထည့်သွင်းပေးသွားမယ့်အပြင် Free Subscription Plan အသစ်ကိုပါ ချပြသွားဖို့ရှိနေတဲ့အတွက် ပိုပြီးအောင်မြင်လာနိုင်ဖို့များနေပါတယ်။

Ref – 9to5Google