Apple ကနေ နောက်နှစ်အတွက် iPad အသစ်တွေကို လုံးဝ ဒီဇိုင်းပိုင်းပြောင်းလဲမှုတွေပြုလုပ်ပြီး ထုတ်လုပ်ဖို့ ကြံစည်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိသိရတဲ့ သတင်းတွေအရတော့ iPad အသစ်တွေမှာ Fingerprint Touch ID ပါဝင်မှာမဟုတ်တော့ပဲ iPhone X လိုမျိုး Face ID ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

အခုလိုမျိုး iPad တွေမှာ Fingerprint Touch ID ကိုမထည့်သွင်းတော့ဘူးဆိုရင် လက်ရှိ iPad တွေလိုမျိုး အပေါ်နဲ့အောက်မှာ ဘေးဘောင်တွေအထူကြီးပါနေမှာမဟုတ်တော့ပဲ အရမ်းကို ဘေးဘောင်တွေမရှိတော့သလောက်ဖြစ်သွားမှာပါ။ Face ID လည်းပါလာမှာဆိုတော့ နောက်ထွက်လာမယ့် iPad တွေက တော်တော်လေးကို ကောင်းလာမှာပါ။

ဒါ့အပြင် လက်ရှိ iPhone 8, 8 Plus နဲ့ iPhone X တွေက ကိုယ်ထည်ကို မှန်သားနဲ့ ပြောင်းလဲ ထုတ်လုပ်ထားတဲ့အတွက် iPad အသစ်တွေမှာရော Glass Body ကို ပြောင်းလဲလာမလားဆိုပြီး ခန့်မှန်းနေကြပါတယ်။ တကယ်လို့ Glass Body နဲ့ ထွက်ရှိလာခဲ့ရင် Wireless Charging လည်းရလာမှာပါ။

Apple iPad အသစ်ကို ပြုလုပ်နေတဲ့အပြင် iPad Pro နဲ့ တွဲဖက်အသုံးပြုရတဲ့ Apple Pencil ကိုလည်း မွမ်းမံမှုတွေပြုလုပ်နေတယ်လို့ သိရှိရပြီး နောက်နှစ် နှစ်ဝက်နောက်ပိုင်းမှာ မြင်တွေ့ရဖို့များတယ်လို့ သိရပါတယ်။