ASUS ဟာ အခုဆိုရင် Gaming စမတ်ဖုန်းစျေးကွက်ကို ROG Phone နာမည်နဲ့ ဝင်ရောက်လာခဲ့တာ ROG Phone 3 အထိ မိတ်ဆက်ပြီးပြီဖြစ်ပါတယ်။ အဆိုပါ ROG Phone Series အကုန်လုံးကလည်း စွမ်းဆောင်ရည်ပိုင်းမှာ တခြားဖုန်းတွေထက် သိသိသာသာပိုကောင်းနေတဲ့အတွက် ချီးကျုးခံရတဲ့စမတ်ဖုန်းတွေလို့တောင် ပြောလို့ရပါတယ်။

အခုအချိန်မှာတော့ ASUS ကနေ ROG Phone 4 လို့ ယူဆနိုင်တဲ့ ROG Gaming Phone အသစ်ကို မိတ်ဆက်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ Weibo စာမျက်နှာမှာ Teaser ဓါတ်ပုံကို ဖော်ပြခဲ့ဖူးပေမယ့် ဖုန်းပုံစံကို ခန့်မှန်းနိုင်ခြင်းမရှိဘဲ ROG Phone အသစ်ဆိုတာကိုပဲ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်အခုအချိန်မှာတော့ “WhyLab” နာမည်နဲ့ Chinese Leakster တစ်ဦးကနေ ASUS ROG Phone 4 လို့ ယူဆရတဲ့ဖုန်းရဲ့ ဓါတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံအရတော့ ROG Phone 4 ဟာ ပြီးခဲ့တဲ့ ROG Phone 3 နဲ့ ဆင်တူပြီးတော့ နောက်ကျောဘက်မှာ Line တွေနဲ့ Pattern တွေပိုမိုထည့်သွင်းလာမှာဖြစ်ပါတယ်။ Camera Setup အနေနဲ့လည်း Triple Camera Setup ကိုပဲ အသုံးပြုလာဦးမှာပါ။

ဒါပေမယ့် ဖုန်းရဲ့ နောက်ကျောဘက်မှာ “05” ဆိုပြီး ရေးသားထားတာကိုလည်း တွေ့ရှိခဲ့ရတဲ့အတွက် အဆိုပါ နံပါတ်ဟာ Serial Number အနေနဲ့ထည့်သွင်းထားတာလား၊ သို့မဟုတ် ROG Phone 4 အစား ROG Phone 5 ဆိုတဲ့ နာမည်နဲ့ ပြောင်းလဲမိတ်ဆက်လာမလားဆိုတာကိုတော့ မသိရသေးပါဘူး။ ပုံမှန်အားဖြင့် တချို့သော တရုတ်စမတ်ဖုန်းကုမ္ပဏီတွေက နံပါတ် (၄) ဂဏန်းကို ကံမကောင်းတဲ့အတွက် ရှောင်ပြီး မိတ်ဆက်ကြတာဖြစ်ပါတယ်။

Camera Setup အနေနဲ့ကတော့ 64MP Primary Sensor ကိုပဲ ဆက်လက်အသုံးပြုထားဦးမှာဖြစ်ပြီး Gaming Mode ကို အသုံးပြုနိုင်ဖို့အတွက် Special Red Button တစ်ခုလည်း ပါဝင်လာမှာဖြစ်ပါတယ်။ China 3C Certification အရလည်း ROG Phone အသစ်ဟာ 65W Fast Charging ကို Support ပြုလုပ်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ASUS ROG Phone အသစ်ဟာ ၂၀၂၁ အတွက် စွမ်းဆောင်ရည်အကောင်းဆုံး Gaming Phone တစ်လုံးဖြစ်လာဖို့ကတော့ သေချာနေပါပြီ။

Ref – GSM Arena