နောက်မျိုးဆက် God of War ဂိမ်းကို ၂၀၂၂ ခုနှစ်ကျမှ ဖြန့်ချိတော့မှာဟာ  Fans တွေအတွက် ဝမ်းနည်းစရာ သတင်းပါ။ အဲဒီ ဂိမ်းကို PS5 အတွက် ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပြီး မူလက ၂၀၂၁ ခုနှစ်မှာ ဖြန့်ချိဖို့ စီစဉ်ထားတာပါ။ PlayStation Studios ရဲ့ အကြီးအကဲ Hermen Hulst က PlayStation Blog မှာ ဒီသတင်းကို အတည်ပြုထားတာပါ။ သူက “ နောက်နှစ်ကျမှ ဖြန့်ချိဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်။ Fans အားလုံးနှစ်သက်မယ့် အမိုက်စား God of War ဂိမ်းကို Santa Monica Studio က ဖန်တီးနိုင်ဖို့ ဒီလို လုပ်လိုက်တာပါ။ “ လို့ ရေးသားထားပါတယ်။ ဝမ်းသာစရာ သတင်းက PS4 အတွက်လည်း နောက်မျိုးဆက် God of War ဗားရှင်းကို ဖန်တီးနေတာပါ။

Studio က ဒီသတင်းကို တွစ်တာမှာ အတည်ပြုထားပါတယ်။

Hulst က တခြား နာမည်ကြီး Single-player ဂိမ်း ဖြစ်တဲ့ Horizon Forbidden West ကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ပြောပါတယ်။ ဒါပေမယ့် နေ့ရက် အတိအကျကို မပြောသေးပါဘူး။

God of War အသစ်ကို နောက်နှစ်ကျမှ ဖြန့်ချိမှာနဲ့ Horizon အသစ်ထွက်မယ့် အချိန် အတိအကျ မသိရသေးတာက စိတ်ပျက်စရာ ဖြစ်ပေမယ့် Hulst ရဲ့ လူတိုင်းကြိုက်အောင် အမိုက်စား ဖန်တီးနေတယ်ဆိုတာက ဝမ်းသာစရာပါ။

Ref : theverge