နောက်မျိုးဆက် iPhone SE မှာ လက်ရှိ ဒီဇိုင်းကို မသုံးတော့ဘဲ ၂၀၁၈ ခုနှစ်ထုတ် iPhone XR နဲ့ တူညီမယ်လို့ Jon Prosser က ပြောပါတယ်။ သူဟာ အရင်ကလည်း မှန်ကန်တိကျတဲ့ သတင်းတွေကို ပေးခဲ့တာကြောင့် အခုသတင်းဟာလည်း မှန်ကန်နိုင်ပါတယ်။

iPhone XR review: The best iPhone value in years - CNET

နောက်ဆုံးထွက်ခဲ့တဲ့ iPhone SE ကို ဒီနှစ် အစောပိုင်းမှာ ရောင်းချခဲ့ပြီး အရင်မျိုးဆက်နဲ့ ၂ နှစ်ကွာပါတယ်။ အဲဒီအတွက် iPhone XR နဲ့ တူညီမယ့် iPhone SE အသစ်ကို ၂၀၂၄ ခုနှစ်ကျမှ ကြေညာနိုင်ပါတယ်။ အဲဒီအချိန်ရောက်ရင် ဒီဇိုင်းက ၆ နှစ်သက်တမ်း ရှိပြီ ဖြစ်တဲ့အတွက် Apple ဟာ iPhone SE မော်ဒယ်တွေရဲ့ ဒီဇိုင်းကို နှမျောနေသလားတောင်ထင်ရပါတယ်။

Apple ဟာ iPhone 14 Pro Series မှာ Ultrawide ကင်မရာကို အဆင့်မြှင့်ထားမှာ ဖြစ်ပြီး 1.4μm Pixel အရွယ်အစား ပါလာမှာပါ။ iPhone 13 Pro ရဲ့ 1.0μm Pixel အရွယ်အား ပါတဲ့ Ultrawide ကင်မရာထက် အများကြီး တိုးတက်သွားမှာပါ။

iPhone 14 price 'leaked'! Here's how much it will cost | Photos

အဲဒီ ဆန်ဆာကို Sony က ဖန်တီးထားမှာ ဖြစ်ပြီး Compact ကင်မရာ Module ကို LG Innotek က ဖန်တီးထားမှာပါ။ ဒီနှစ်ထွက်မယ့် iPhone 14 Pro မော်ဒယ် ၂ လုံးကို ဝယ်ယူတဲ့ သူတွေဟာ ပိုကောင်းတဲ့ Ultrawide ရိုက်ချက်တွေကို ရရှိမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အလင်းရောင်နည်းပါးတဲ့ ညအချိန်မှာ ပိုအကျိုးကျေးဇူး ရရှိမှာပါ။

Ref : gsmarena