နာမည်ကြီး NFT အနုပညာရှင် DeeKay Kwon ရဲ့ တွစ်တာ အကောင့် ဟက်ခံရပြီး Follower တွေကို Phishing Attack နဲ့ တိုက်ခိုက်ခံလိုက်ရပါတယ်။

The World's Most Famous and Best Hackers (and Their Fascinating Stories)

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ အစောပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဟက်ကာ ၁ ယောက်ဟာ DeeKay Kwon ရဲ့ တွစ်တာ အကောင့်ကနေ ဝက်ဘ်ဆိုက် အတု ၁ ခုဆီကို ရောက်သွားစေတဲ့ Phishing Link ကို ပို့စ်တင်ခဲ့ပါတယ်။ ပို့စ်မှာ သူဟာ NFT Collection အသစ်ကို ရောင်းချမယ်လို့ ကြေညာထားပါတယ်။

Designer smartphone hacks will trickle down in 2022 | Computerworld

ဝက်ဘ်ဆိုက် အတုမှာ Malicious NFT ကို ရယူဖို့ ညွှန်ကြားထားပြီး အဲဒီလိုလုပ်တဲ့အခါမှာ ဟက်ကာက သူတို့ရဲ့ Wallet တွေကို Access ရသွားကာ တန်ဖိုးကြီး NFT တွေကို ခိုးယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟက်ကာဟာ လူများစွာထံမှ NFT ၆၅ ခုဝန်းကျင် ခိုးယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်ကျမှ Kwon က သူ့ရဲ့ တွစ်တာ အကောင့်ကို ပြန်လည် ရယူနိုင်ခဲ့ပြီး ပို့စ်ကို ဖျက်ပစ်ခဲ့ပါတယ်။

ဟက်ကာဟာ NFT တွေကို ဒေါ်လာ ၈၀,၀၀၀ နဲ့ ၉၁,၀၀၀ ကြား ရောင်းချနိုင်ခဲ့ပြီး ETH တွေကို တခြား Wallet ဆီ ပြောင်းရွှေ့ထားပါတယ်။ ဟက်ကာဟာ ဒေါ်လာ ၅၂,၀၀၀ တန်ကြေးရှိ NFT ၅၀ ဝန်းကျင်ကို ပိုင်ဆိုင်ထားပါသေးတယ်။ အဲဒီအတွက် စုစုပေါင်း ဒေါ်လာ ၁၅၀,၀၀၀ တန်ကြေးရှိ NFT တွေ ခိုးယူခံလိုက်ရတာပါ။

Crypto နယ်ပယ်မှာ Phishing Attack နဲ့ တိုက်ခိုက်တာတွေ များလာနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဟက်ကာ ၁ ယောက်ဟာ Phishing Attack နဲ့ ဒေါ်လာ ၈.၆ သန်းဖိုး Crypto တွေကို ခိုးယူခဲ့ပါတယ်။

Ref : cryptobriefing