ဒစ်ဂျစ်တယ် Collectible လို့ ခေါ်တဲ့ NFTs တွေဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ အရမ်းကို ရေပန်းစားလာပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာv NFTs တွေဟာ အအောင်မြင်ဆုံး နှစ်လို့ ပြောနိုင်ပြီး စုစုပေါင်းရောင်းချရငွေဟာ ဒေါ်လာ ၁၂ ဘီလီယမ် ရှိပါတယ်။
NFTs or Non-fungible Tokens ဟာ ဖလှယ်လို့ မရတဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး အွန်လိုင်းမှာ ဝယ်ယူနိုင်၊ ရောင်းချနိုင်ပါတယ်။ NFTs တွေဟာ ဒစ်ဂျစ်တယ် ပစ္စည်း ပိုင်ဆိုင်သူကို မှတ်တမ်းတင်ဖို့အတွက် Blockchain နည်းပညာကို အသုံးပြုပါတယ်။ Ether Cryptocurrency ကို ထောက်ပံ့တဲ့ Blockchain ဖြစ်တဲ့ Ethereum မှာ NFTs တွေကို အရင်ဆုံး ဖြန့်ချိရောင်းချခဲ့တာ ဖြစ်ပြီး ဒီနေ့ခေတ်မှာလည်း NFTs အများစုကို Ether နဲ့ ဝယ်ယူနိုင်ပါတယ်။
ပြီးခဲ့တဲ့ ၁ ပတ်ထဲမှာ ဒေါ်လာ ၂၉၃ သန်းဖိုး NFTs တွေ ရောင်းချနိုင်ခဲ့တယ်လို့ NonFungible.com ရဲ့ စစ်တမ်း အရ သိရပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်အတွင်း ရောင်းအား အကောင်းဆုံး NFTs Collection ၅ ခုကို ပြောပြချင်ပါတယ်။
၅။ Decentraland
၇ ရက်အတွင်း ရောင်းအား : ဒေါ်လာ ၆.၆ သန်း
၇ ရက်အတွင်း ရောင်းချရတဲ့ အရေအတွက် : ၃၃၉
ပျမ်းမျှရောင်းအား : ဒေါ်လာ ၁၉,၄၆၉
၄။ Art Blocks
၇ ရက်အတွင်း ရောင်းအား : ဒေါ်လာ ၁၃.၂ သန်း
၇ ရက်အတွင်း ရောင်းချရတဲ့ အရေအတွက် : ၂,၇၃၇
ပျမ်းမျှရောင်းအား : ဒေါ်လာ ၄,၈၂၂
၃။ CryptoPunks
၇ ရက်အတွင်း ရောင်းအား : ဒေါ်လာ ၁၇.၅ သန်း
၇ ရက်အတွင်း ရောင်းချရတဲ့ အရေအတွက် : ၃၈
ပျမ်းမျှရောင်းအား : ဒေါ်လာ ၄၆၀,၅၂၆
၂။ The Sandbox
၇ ရက်အတွင်း ရောင်းအား : ဒေါ်လာ ၃၃.၁ သန်း
၇ ရက်အတွင်း ရောင်းချရတဲ့ အရေအတွက် : ၂,၁၈၂
ပျမ်းမျှရောင်းအား : ဒေါ်လာ ၁၅,၁၆၉
၁။ Bored Ape Yacht Club
၇ ရက်အတွင်း ရောင်းအား : ဒေါ်လာ ၅၂.၂ သန်း
၇ ရက်အတွင်း ရောင်းချရတဲ့ အရေအတွက် : ၆၉၅
ပျမ်းမျှရောင်းအား : ဒေါ်လာ ၇၅,၁၀၇
Ref : markets.businessinsider