NFT တွေဟာ အခုနောက်ပိုင်းမှာ Digital Art တွေတင်မဟုတ်ဘဲ တခြားသော စျေးကွက်တွေမှာပါ အောင်မြင်မှုရရှိလာပြီဖြစ်ပါတယ်။ စျေးနှုန်းတွေအရလည်း NFT ပေါ်မှာမှုတည်ပြီး ဒေါ်လာ သန်းနဲ့ချီပြီး တန်ဖိုးရှိနေတာဖြစ်ပါတယ်။

အခုလည်း MejoresApuestas.com ရဲ့ ဖော်ပြချက်အရ အောက်တိုဘာလအတွင်းမှာ NFT တွေရောင်းချမှုဟာ စုစုပေါင်းတန်ဖိုးအနေနဲ့ ဒေါ်လာ ၁၅ ဘီလီယံအထိရှိလာနိုင်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး အောင်မြင်မှုတွေဟာ Wall Street က Cryptocurrency တွေကို တဖြည်းဖြည်းလက်ခံလာတာနဲ့ ProShares မှာ Bitcoin Futures ETF တွေကို မိတ်ဆက်လိုက်တာကြောင့်ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပါတ်မှာတင် Peer-to-Peer NFT Marketplace ဟာ ဒေါ်လာ ၉.၄ ဘီလီယံတန်ကြေးရှိတဲ့ ရောင်းချ၊ လဲလှယ်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပြီး စုစုပေါင်း Marketplace တွေရဲ့ ရောင်းချရနှုန်းရဲ့ ၆၀ ရာခိုင်နှုန်းအထိ ရှိနေတာဖြစ်ပါတယ်။ NFT အတွက် အကြီးမားဆုံး Marketplace တစ်ခုဖြစ်တဲ့ OpenSea မှာလည်း ရောင်းချ၊ လဲလှယ်သူပေါင်း ၅၇၅,၀၀၀ ကျော်ရှိခဲ့ပြီး အရောင်းအဝယ်တစ်ခုကို ပျမ်းမျှ ဒေါ်လာ ၈၆၁ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။

အခုလိုမျိုး NFT စျေးကွက်ဟာ အလွန်ကို အောင်မြင်လာတာနဲ့အတူ စျေးနှုန်းမြင့်မားပြီး အဖိုးတန်တဲ့ Digital Art လိုမျိုး NFT တွေကလည်း ဆက်တိုက်ထွက်ရှိလာတာဖြစ်ပါတယ်။ NFT တွေဟာ Blockchain ကို အသုံးပြုပြီး Data တွေကို သိုလှောင်ထားနိုင်တာကြောင့် မူရင်း Artist ရဲ့ Information ဟာ အတုအပပြုလုပ်နိုင်ခြင်းမရှိသလို လိမ်လည်နိုင်ခြင်းမရှိတာကြောင့်လည်း အခုလိုမျိုး စျေးနှုန်းအမြင့်တွေနဲ့ ရောင်းချနိုင်နေတာဖြစ်ပါတယ်။

Ref – ETF Trends