ဒစ်ဂျစ်တယ် အနုပညာ ပုံစံ ဖြစ်တဲ့ NFTs နဲ့ အွန်လိုင်း ရောင်းအားတွေကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး အနုပညာ လက်ရာ ပစ္စည်းတွေရဲ့ လေလံ ရောင်းအားဟာ ဒေါ်လာ ၂.၇ ဘီလီယမ် အထိ ရှိလာကာ စံချိန်တင်သွားပြီလို့ Artprice ရဲ့ နှစ်စဉ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကပ်ရောဂါကြောင့် ၂၀၂၀ ဇွန်လနဲ့ ၂၀၂၁ ဇွန်လအတွင်းမှာ ရောင်းအား ကျဆင်းခဲ့ပေမယ့် လေလံ ဝယ်ယူသူတွေဟာ အွန်လိုင်း အသုံးပြုမှုကို မြန်မြန် ပြောင်းလာကြပါတယ်။

An NFT of US artist Beeple’s Everydays: The First 5,000 Days sold for $69.3m at Christie’s in New York in March

Artprice CEO Thierry Ehrmann က “ ၂၀၂၁ မှာ ဓါတ်ပုံနဲ့ ဒစ်ဂျစ်တယ် အနုပညာ လက်ရာတွေဟာ အွန်လိုင်းမှာ အောင်မြင်တဲ့ ပတ်ဝန်းကျင် အသစ် ၁ ခုကို ရလာကြပါတယ်။ အဲဒီအထဲမှာ NFTs တွေဟာ အရမ်းကို ရေပန်းစားလာပါတယ်။ “ လို့ ပြောပါတယ်။

NFTs or Non-fungible Tokens တွေဟာ ဓါတ်ပုံ၊ Animation  ၊ သီချင်းတွေလို ဒစ်ဂျစ်တယ် အနုပညာ လက်ရာတွေရဲ့ ပိုင်ဆိုင်မှုကို သက်သေခံပေးတာ ဖြစ်ပါတယ်။ တချို့ဆိုရင် Tweet တွေကိုတောင် NFTs အနေနဲ့ ရောင်းချနေကြပါတယ်။

Banksy work is burned

မတ်လမှာ အမေရိကန် အနုပညာရှင် Beeple ဟာ သူ့ရဲ့ ဒစ်ဂျစ်တယ် အနုပညာ လက်ရာ NFTs ၁ ခုကို ရောင်းချခဲ့ပြီး ဒေါ်လာ ၆၉.၃ သန်းရခဲ့ပါတယ်။ Christie က အသက် ၄၀ အောက် ၆၀ ရာခိုင်နှုန်း ပါတဲ့ လူပေါင်း ၂၂ သန်းဟာ အဲဒီ အွန်လိုင်း လေလံတင်ပွဲကို ဝင်ရောက်ကြည့်ရှုခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက်မှာ Banksy ကလည်း ပန်းချီလက်ရာ NFTs ၁ ခုကို ဒေါ်လာ ၃၈၀,၀၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

NFTs တွေထဲမှာ ဈေးအမြင့်ဆုံး ရထားတာက ၁၉၈၈ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ Jean-Michel Basquiat ရဲ့ အနုပညာ လက်ရာ ဖြစ်ပြီး ဒေါ်လာ ၉၃.၁ သန်း ရခဲ့ပါတယ်။ နံပါတ် ၂ နေရာကို Beeple က ရထားပြီး နံပါတ် ၃ နေရာကို ရထားတာက အမေရိကန်မှာ ၁၉၈၀ ကတည်းက နေထိုင်ခဲ့တဲ့ တရုတ် အနုပညာရှင် Chen Danqing ရဲ့ ပန်းချီ ဖြစ်ကာ ဒေါ်လာ ၂၅.၂ သန်း ရခဲ့ပါတယ်။

Ref : theguardian