Pokemon Go ဟာ ကမ္ဘာအဝန်းမှာ တော်တော် ပေါက်ခဲ့တဲ့ ဂိမ်း ဖြစ်ပါတယ်။ အခုတော့ Pokemon Go ဖန်တီးထားတဲ့ Niantic နဲ့ ငွေကြေး ကုမ္ပဏီ Fold တို့ ပူးပေါင်းပြီး Fold AR အမည်ရ Augmented Reality ဂိမ်းကို ဖန်တီးလိုက်ပါတယ်။ အဲဒီ ဂိမ်းဟာ Pokemon Go ကို အများကြီး အခြေခံ ဖန်တီးထားတာ ဖြစ်ပေမယ့် Cryptocurrency တွေကို ဆုအဖြစ် ချီးမြှင့်ပေးပါတယ်။

Niantic and Fold develop an AR game where you can earn bitcoin -  NotebookCheck.net News

Fold CEO Will Reeves က ဒီ ဂိမ်းဟာ Bitcoin Mining လုပ်တာနဲ့ ဆင်တူပါတယ်။ ချစ်စရာ အကောင်လေးတွေကို ဖမ်းရမယ့် အစား Binary Code ပါတဲ့ အတုံးလေးတွေကို ရှာဖွေစုဆောင်းရင် Bitcoin တွေ ချီးမြှင့်မှာ ဖြစ်ပါတယ်။

Screenshots from the Niantic/Fold game Fold AR

Pokemon Go နဲ့ တခြား Niantic ဂိမ်းတွေနဲ့ မတူညီတာက Fold AR မှာ တကယ့် ကမ္ဘာ့ တည်နေရာတွေနဲ့ တူညီတဲ့ Virtual Places တွေ မပါဝင်ပါဘူး။ အဲဒီ အစား ဂိမ်းဟာ ၁၀ မိနစ်တိုင်းမှာ ၁ ပေကနေ ပေ ၅၀ အကွာအဝေးအတွင်း အတုံး ၁ ခုကို ထည့်သွင်းပေးပါတယ်။ ဒါဟာ Bitcoin Mining လုပ်တဲ့ ပုံစံမျိုးနဲ့ ဆင်တူပါတယ်။

ဂိမ်းကို ဖန်တီးထားသူတွေက နောက်နှစ် အစောပိုင်းမှာ တခြား လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးဖို့ မျှော်လင့်ထားပါတယ်။ အဲဒီအထဲမှာ လူအများ ကစားနိုင်ပြီး သူငယ်ချင်းတွေအတွက် Bitcoin တွေ ဖွက်တာ၊ NFTs (Non-fungible Token) တွေ ထည့်သွင်းတာတွေ ပါဝင်ပါတယ်။

Fold AR ဟာ “Play to Earn” ဂိမ်း အမျိုးအစား ဖြစ်ပြီး In-game Currency အစား Cryptocurrency တွေကို ဆုချီးမြှင့်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Ref : theverge